DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်အောင်ဆန်းဈေးရဲ့ ရာပြည့်ပွဲတော်ပြီးဆုံး (ဓာတ်ပုံ) 
DVB
·
October 12, 2026
ဗိုလ်ချုပ်အောင်ဆန်းဈေးရဲ့ ရာပြည့်ပွဲတော်ပြီးဆုံး (ဓာတ်ပုံ) 
1 / 13
Photo: DVB
Donate to DVB

ရန်ကုန်မြို့ရဲ့ သမိုင်းဝင် အထင်ကရနေရာတခုဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဈေးရဲ့ ရာပြည့်ပွဲတော်ကို အောက်တိုဘာ ၇ ရက်မှာ စတင်ကျင်းပခဲ့ပြီး မနေ့က တနင်္ဂနွေနေ့မှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။

ရန်ကုန်မြို့လယ်ကောင်ရှိ စကော့ဈေးလို့ လူသိများတဲ့ ဗိုလ်ချုပ်ဈေးဟာ နိုင်ငံခြားဖြစ်ကုန်စည်တွေ၊ အဝတ်အထည်တွေ၊ လက်ဝတ်ရတနာဆိုင်တွေနဲ့ မြန်မာလက်မှုပစ္စည်းတွေ ပေါင်းဆုံရာ နေရာတခု ဖြစ်ခဲ့ပါတယ်။

သွင်းကုန်ပစ္စည်းတွေ ပုံမှန်မဝင်နိုင်တဲ့ လက်ရှိအချိန်မှာတော့ ဗိုလ်ချုပ်ဈေး ရာပြည့်ပွဲတော်ဟာ ပြည်တွင်းထုတ်သနပ်ခါး၊ ဟင်းအနှစ်ထုပ် စတဲ့ ထုတ်ကုန်တွေနဲ့ အွန်လိုင်းဈေးဝယ် အပ်ပလီကေးရှင်းအသစ်တခုရဲ့ ပရိုမိုးရှင်းအစီအစဥ်ကသာ အဓိကဖြစ်ခဲ့ပါတယ်။ 

ဒါကြောင့် သမိုင်းဝင်ဈေးကြီးရဲ့ ကျော်ကြားမှုနဲ့ ဂုဏ်ဒြပ်ကို ဖော်ဆောင်နိုင်ခြင်းမရှိဘဲ သာမန်ပွဲဈေးတခု အဖြစ်နဲ့သာ ပြီးဆုံးသွားခဲ့တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ဗြိတိသျှ ကိုလိုနီခေတ် ဗိသုကာလက်ရာတွေနဲ့ ၁၉၂၆ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ချိန်က စကော့ဈေးလို့ ခေါ်ဆိုခဲ့ပြီး ဂျပန်ခေတ်မှာ ရန်နိုင်ဈေးလို့လည်း ခေါ်ဆိုခဲ့ကြဖူးပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းဈေးအဖြစ် ဂုဏ်ပြုခေါ်ဆိုခဲ့ကာ  အခုအခါမှာတော့ ဆိုင်ခန်းပေါင်း ၁,၈၀၀ ကျော်ဖွင့်လှစ် ရောင်းချနေကြတာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013