
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်၊ ငပုတောနဲ့ သာပေါင်းမြို့နယ်က ကျေးရွာတချို့ သောက်သုံးရေပြတ်လပ်မှုနဲ့ ကြုံတွေ့နေရပါတယ်။
ဒေသခံတွေရဲ့အခက်အခဲကို ဖြေရှင်းဖို့ ပုသိမ်မြို့က လူမှုရေးအဖွဲ့အစည်းတွေအပါအဝင် လုပ်ငန်းရှင် တချို့နဲ့ စေတနာရှင်တွေ စုပေါင်းပြီး သောက်သုံးရေ ဂါလန် ၆၀၀၀ ကျော်ကို မေ ၆ ရက်က သွားရောက် လှူဒါန်းခဲ့ပါတယ်။
ဒီလို ရေပြတ်လပ်မှုဟာ နှစ်စဉ်လိုလိုကြုံတွေ့နေရတာဖြစ်ပြီး ကျေးရွာသားတွေအနေနဲ့ ရေတွင်းရေကန်တူးဖော် လှူဒါန်းနိုင်တဲ့အလှူရှင်တွေကိုလည်း မျှော်လင့်နေကြပါတယ်။
ဧရာဝတီတိုင်းအတွင်းက တခြားဒေသတွေနဲ့ မြန်မာနိုင်ငံက ကျေးရွာတော်တော်များများမှာ နွေရာသီရောက်ရင် အခုလို ရေပြတ်လပ်မှုတွေ တွေ့ကြုံနေရတာဖြစ်ပါတယ်။
ဓါတ်ပုံ-ပန်းသခင်
[gallery ids="92167,92168,92169,92170,92171,92172"]










