DVB Logo
Home
မြန်မာသတင်း
သမ္မတဦးသိန်းစိန် နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တွေ့ဆုံမည်
DVB
·
May 8, 2015
သမ္မတဦးသိန်းစိန် နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တွေ့ဆုံမည်
Donate to DVB

ရှမ်းပြည်အရှေ့ပိုင်းကို ခရီးထွက်လာတဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ဒီကနေ့ ညနေပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ရှိနေပါတယ်။

သမ္မတနဲ့ တွေ့ဆုံမယ့်အဖွဲ့ထဲမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည် တပ်မတော်တောင်ပိုင်း၊ ယူဒလျူအက်စ်အေ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ နဲ့ ရှမ်းပြည် အရှေ့ပိုင်း မိုင်းလား အထူးဒေသ ၄ စတဲ့အဖွဲ့ ၃ ဖွဲ့ပါမယ်လို့ တိုင်းရင်းသားအဖွဲ့ဝင်တွေက ဒီဗွီဘီကို ပြောပါတယ်။

သမ္မတဟာ တာချီလိတ်ခရိုင်  ပါလျိုး - ကျိုင်းလပ်ဒေသတွင်းမှာရှိတဲ့  လော - မြန်မာ ၂ နိုင်ငံဆက်သွယ်ရေး ပေါင်းကူးတံတားဖွင့်ပွဲအခမ်းအနား တက်ရောက်ဖို့ ရောက်လာရင်း သူတို့အဖွဲ့ကိုပါ လာတွေ့ဖို့ ဖိတ်ခေါ်ထားတယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ အတိုင်ပင်ခံ စ၀်ပင်ခမ်းက ဒီဗွီဘီကို ပြောပါတယ်။

“သမ္မတကြီးနဲ့ တွေ့ဖို့ ကျနော်တို့အဖွဲ့တွေ ခရီးထွက်လာပါပြီ။ တွေ့ဆုံမယ့်အကြောင်းရင်းတော့ မသိသေးပါဘူး။ အာစီအက်စ်အက်စ်ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ယွက်စစ်ပါပါတယ်။ အတွင်းရေးမှူး ဒုဗိုလ်မှူးကြီး စိုင်းငင်း၊ ဗိုလ်မှူး စိုင်းမိုင်း ပြီးတော့ ကျနော်ပေါ့။ လုံခြုံရေးအဖွဲ့တွေပါဆိုရင် စုစုပေါင်း ၂၀ ကျော်ပါတယ်။ ဒီနေ့ ညနေပိုင်းလောက်မှ တွေ့မှာပါ။”

ဒါ့အပြင် ယူဒဗလျူအက်စ်အေ ၀ တပ်ဖွဲ့ကလည်း ကိုယ်စားလှယ် ၃ ဦးစေလွှတ်ထားပြီး တွေ့ဆုံရတဲ့ အကြောင်းရင်းကိုတော့ မသိရကြောင်း ပြည်ပဆက်ဆံရေးဌာန တာဝန်ခံ ဦးကျောက်ကော်အန်းက ဒီဗွီဘီ ကို ပြောပါတယ်။

“သမ္မတက ကျိုင်းတုံမှာရောက်လို့ ခေါ်ထားတာလေ။ ကျနော်တို့အဖွဲ့ရော မိုင်းလားအဖွဲ့ရော ခရီးထွက်သွားပြီ။ ဒီနေ့မွန်းလွဲ ၂ နာရီလောက်။ ကျနော်တို့ ၀ အဖွဲ့က ဦးပေါက်ယူရိ ရယ်၊ ပြီးတော့ ဦးကျောက်ကျုံးတန်း၊ ဦးအိုက်လောက် ၃ ယောက်၊ အလုပ်အမှုဆောင်အဖွဲ့ပေါ့။ မိုင်းလားအဖွဲ့တော့ ဘယ်သူတွေပါလဲဆို ကျနော်လည်း မသိဘူး။”

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကို နဲ့ အစိုးရတာ ၀န်ရှိသူတွေဟာ မေလ ၇ ရက်နေ့ ကတည်းက ကျိုင်းတုံကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

သမ္မတနဲ့အဖွဲ့ဟာ မနေ့ကတော့ ကျိုင်းတုံမြို့ သာသနာ့ဗိမ္မာန်၊ ကျိုင်းတုံယဉ်ကျေးမှုပြတိုက်၊ လွိုင်မွေတောင်စခန်း စတဲ့နေရာတွေ ရောက်ရှိခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013