
ချန်ပီယံရှစ်ရာသီ အဖွင့်ပွဲစဉ်အဖြစ် ဝုလ်ဗ်အသင်းရဲ့ အိမ်ကွင်းမှာ ဘလက်ဘန်းရိုဗာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ ၂ ဂိုးစီ သရေကျသွားပါတယ်။
ပွဲအစ ၁၈ မိနစ်မှာ မူနက်စီရဲ့ ဂိုးနဲ့ ဝုလ်ဗ်က ဦးဆောင်ခဲ့ပေမဲ့၊ ဘလက်ဘန်းအတွက် မက်လောက်လင်နဲ့ ဂွတ်ဂျွန်ဆင်တို့က ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ ဆက်တိုက် သွင်းယူခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ဘလက်ဘန်းအသင်းက ခံစစ်ကို ပိတ်ကစားနိုင်ခဲ့ပေမဲ့ ပွဲပြီးခါနီးမှာ နောက်ခံလူ အယ်လ်ဘီအိုဆု လက်နဲ့ထိလို့ ပယ်နယ်တီ ပေးလိုက်ရပြီး၊ အဲဒီပယ်နယ်တီကို ဝုလ်ဗ်တိုက်စစ်မှူး ဟီမီနက်ဇ်က ချေပဂိုးအဖြစ် သွင်းယူသွားခဲ့တာပါ။
ဒါကြောင့် ဘလက်ဘန်းအသင်းကို ဒုတိယအကြိမ် ပြန်လည်ကိုင်တွယ်တဲ့ နည်းပြ တိုနီမိုးဘရေး အနေနဲ့ ရာသီအဖွင့်မှာ နိုင်ပွဲနဲ့ စတင်နိုင်မဲ့ အိပ်မက်ကို လက်လွှတ်ခဲ့ရပါတယ်။
Source: BBC Sport










