DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းဘတ်ဂျက်တွင် လယ်ယာမဲ့များအတွက် ကျပ်သန်း ၁၀၀၀ ထည့်သွင်း
DVB
·
May 8, 2015
ဧရာဝတီတိုင်းဘတ်ဂျက်တွင် လယ်ယာမဲ့များအတွက် ကျပ်သန်း ၁၀၀၀ ထည့်သွင်း
1 / 3
Donate to DVB

၂၀၁၅ ခုနှစ် ဧရာဝတီတိုင်းဒေသကြီး ဘက်ဂျက်မှာ လယ်ယာမဲ့များအတွက်  လယ်ယာမြေဖော်ထုတ်ရေး ကျပ်သန်း ၁၀၀၀ ကို ပြည်ထောင်စုအစိုးရက ထည့်သွင်းပေးထားပါတယ်။

လယ်ယာမဲ့တွေအတွက် လယ်ယာမြေဖော်ထုတ်ရေး ကျပ်သန်း ၁၀၀၀ အပါအ၀င် ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမှုလျှော့ချရေးအတွက် ကျပ်သန်း ၁၅၀၀၊ ခရိုင်မြို့နယ်စုပေါင်းရုံးတရုံးအတွက် ကျပ်သန်း ၁၅၀၀၊ အိမ်ရာစီမံကိန်းအတွက်  ကျပ်သန်း ၂၀၀၀ စုစုပေါင်းကျပ်သန်း ၆၀၀၀ ကို ဥပဒေကြမ်းမှာ ပြည်ထောင်စုအစိုးရက ထည့်သွင်းပေးခဲ့တာပါ။

irrawaddyမေလ ၇ ရက်နေ့ကကျင်းပခဲ့တဲ့ ပထမအကြိမ်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေးမှာ ဧရာဝတီတိုင်းဒေသကြီးရဲ့ ဘဏ္ဍာငွေအရသုံးဆိုင်ရာ ဥပဒေကြမ်းအတည်ပြုပေးဖို့နဲ့ ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုကိုက တင်သွင်းခဲ့ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး အနေနဲ့ ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ် ရသုံးမှန်းခြေငွေစာရင်းမှာ သာမန်ရငွေ ကျပ်သန်းပေါင်း ၂၄၀၀၀ နီးပါးရှိပြီး သာမန် သုံးငွေ ကျပ်သန်းပေါင်း ၅၁၂၀၀ ကျော်  နဲ့ ငွေလုံးငွေရင်းသုံးငွေ ကျပ်သန်းပေါင်း ၈၃၀၀၀ ကျော် ရှိပါတယ်။ လိုငွေစုစုပေါင်းက ကျပ်သန်း  ၁၁၀၀၀၀  ကျော် ရှိကြောင်းရေးဆွဲထားပါတယ်။

irrawaddy1ပြည်ထောင်စုဘဏ္ဍာရေးကော်မရှင်က ကျေးလက်ဒေသဆင်းရဲမှုလျှော့ချရေး၊ အိမ်ရာစီမံကိန်း လယ်ယာမဲ့များအတွက် လယ်ယာမြေဖော်ထုတ်ပေးဖို့ စတဲ့အသုံးစရိတ်နဲ့  ခရိုင် မြို့နယ် ရုံးပေါင်းစုံတရုံးဆောက်လုပ်ဖို့စတဲ့  အသုံးစရိတ်တွေကို ထပ်မံဖြည့်သွင်းပေးဖို့ ဇန်န၀ါရီလ ၁ ရက်နေ့က အတည်ပြုခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013