DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် တရားမ၀င်ကုန်သွယ်မှုမှ ကျောက်စိမ်းနှင့် ကျွန်းသစ်များဖမ်းမိ
DVB
·
May 7, 2015
မန္တလေးတွင်  တရားမ၀င်ကုန်သွယ်မှုမှ ကျောက်စိမ်းနှင့် ကျွန်းသစ်များဖမ်းမိ
Donate to DVB

မန္တလေးမြို့မှာ ရေကြောင်းနဲ့ လေကြောင်းကနေ တရားမ၀င်ကုန်သွယ်မှုကို ဖမ်းဆီးခဲ့ရာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာကနေ ဧပြီအထိ ၆ လအတွင်း ကျပ်သိန်းပေါင်း ၁၅၀၀ ဖိုးလောက် ဖမ်းဆီးရမိခဲ့ပါတယ်။

ရေကြောင်းနဲ့ တရားမ၀င်ကုန်သွယ်မှုကို အရေးယူရာမှာ ၆ လအတွင်း ကျွန်းသစ်အပါဝင် သစ်တန်ပေါင်း ၉၆ တန်ကျော်ကို ဖမ်းဆီးမိတယ်လို့ မန္တလေးတိုင်း ကူးသန်းရောင်းဝယ်ရေး နှင့် စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ခိုင်ဦးက ပြောပါတယ်။

“မန္တလေး လေဆိပ်ရယ်၊ ဧရာဝတီမြစ်ဆိပ်ရယ်မှာ စဆောင်ရွက်တဲ့အချိန်မှာ ဖမ်းဆီးမှု ၈ ကြိမ်မှာ ကျောက်စိမ်းပါတယ်၊ သစ် ဖမ်းမိတယ်။ တန်ဖိုးအားဖြင့် တန်ဖိုးအားဖြင့် စုစုပေါင်း ကျပ်သိန်း ၁၅၀၀ နီးပါးဖိုးလောက် ဖမ်းဆီးရမိတယ်။”

တရားမ၀င်ကုန်သွယ်မူကို လုပ်ဆောင်ရာမှာ လူအင်အား၊ သတင်းအခက်ခဲတွေ ရှိတာကြောင့် မမှန်မကန်ပြုလုပ်မူကို သိရင် ဗဟိုကော်မတီရုံးချုပ် ၀၁- ၃၇၇၀၇၇ ကို ဆက်သွယ် တိုင်ကြားနိုင်တယ်လို့  မန္တလေးတိုင်း ကူးသန်းရောင်းဝယ်ရေး နှင့် စားသုံးသူရေးရာ ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဗိုလ်မှူး အေးမင်းထွန်းက ပြောပါတယ်။

“တံတားဦး၊ ဂေါဝန်၊ ရွှေကြက်ယက်၊ မရမ်းခြံတို့မှာ ဆိုင်းဘုတ်တွေ ထောင်ထားတယ်။ လုပ်ငန်းရှင်တွေအနေနနဲ့ မမှန်မကန်ပြုလုပ်တာတွေရှိရင်လည်း တိုင်ကြားလို့ရပါတယ်။ သတင်းပေးလို့ရပါတယ်။ နောက်ပြီး ၀န်ထမ်းတွေအနေနဲ့ တန်စိုးလက်ဆောင် ယူတာ၊ လာဘ်စားတာတွေရှိရင်လည်း တိုင်ကြားလို့ရတယ်ဆိုပြီး ပြောထားပေမယ့် လုပ်ငန်းရှင်တွေအနေနဲ့ အခုချိန်ထိတော့ သတင်းပေးတိုင်ကြားတာ တယောက်မှ မရှိသေးဘူး။”

မန္တလေးမြို့မှာ တရားမ၀င်ကုန်သွယ်မူကို ရေကြောင်း၊ လေကြောင်းကစစ်ဆေးမူတွေ ရှိပေမယ့် ကုန်းတွင်းပိုင်းစစ်ဆေးမူတွေ မရှိသေးပါဘူး။

မူဆယ် မတ္တရာ၊ စစ်ကိုင်း၊ မိတ္ထီလာ စတဲ့ လမ်းကြောင်းကနေ ကျွန်းသစ်ကအစ ကုန်တင်ယာဉ်တွေနဲ့ သယ်ယူပို့ဆောင်မူတွေ ရှိနေတယ်လို့ ဒေသခံအများစုက ပြောဆိုနေပါတယ်။

အခု ဖမ်းဆီးမိတဲ့ ကုန်ပစ္စည်းအများစုက တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုတွေကနေ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013