DVB Logo
Home
မြန်မာသတင်း
တာ့ခ်ခရိုင်တွင်း အလုပ်သမားပြတ်လပ်မှု ပြဿဿ နာ ဖြေရှင်းရန် တောင်းဆို
DVB
·
May 7, 2015
တာ့ခ်ခရိုင်တွင်း အလုပ်သမားပြတ်လပ်မှု ပြဿဿ      နာ ဖြေရှင်းရန် တောင်းဆို
Donate to DVB

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်ထဲမှာ ထိုင်းစစ်ကောင်စီအစိုးရရဲ့ တရားမ၀င်အလုပ်သမား ဖမ်းဆီးနှိမ်နင်းရေး အစီအစဉ်ကြောင့် စက်ရုံအလုပ်ရုံတွေမှာ အလုပ်သမားပြတ်လပ်မှု ပြဿ နာကြုံနေရပြီး ကုန်ထုတ်လုပ်မှုပါ ကျဆင်းနေတဲ့အတွက်  သက်ဆိုင်ရာကနေ တာဝန်ယူဖြေရှင်းပေးဖို့  လုပ်ငန်းရှင်တွေက တောင်းဆိုခဲ့ကြပါတယ်။

တာ့ခရိုင် စက်ရုံအလုပ်ရုံလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ နိုင်းချိုင်းဝပ် ၀ိတိထမ်းဝုန်း ဦးဆောင်ပြီး တာ့ခရိုင်တွင်းရှိ မြို့နယ် ၅ ခုက လုပ်ငန်းရှင်အဖွဲ့ဝင်တွေ၊ စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းဆိုင်ရာ လုပ်ငန်းရှင်အဖွဲ့ ကိုယ်စားလှယ်တွေဟာ မေလ ၆ ရက် နေ့က မဲဆောက်မှာရှိတဲ့ အမှတ် ၄ အထူးစစ်ဒေသ ဌာနချုပ်ကို ရောက်ရှိလာပြီး ပြဿ  နာဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။

တာ့ခရိုင်ထဲမှာ အလုပ်သမား ဖမ်းဆီးနှိမ်နင်းရေး လုပ်ဆောင်တာက တကြောင်း၊ နယ်မြေထဲက အလုပ်သမားတွေ ထိုင်းနိုင်ငံအတွင်းပိုင်းကို ၀င်ရောက်ကုန်တာက တကြောင်း၊ ဒါကြောင့် ခရိုင်ထဲမှာ ရွှေ့ပြောင်းအလုပ်သမား ပြတ်လပ်မှုပြဿ  နာနဲ့ ကုန်ထုတ်လုပ်မှု ကျဆင်းတဲ့ ပြဿ  နာပါ ကြုံနေရတယ်လို့ လုပ်ငန်းရှင်ဥက္ကဋ္ဌ နိုင်းချိုင်းဝပ်က သတင်းထောက်တွေကို ပြောပါတယ်။

“အလုပ်သမားတွေက ထိုင်းအတွင်းပိုင်းဝင်သွားတော့ နယ်မြေထဲမှာ အလုပ်သမားပြတ်လပ်တဲ့ ပြဿ  နာရှိနေတယ်။ ကုမ္ပဏီက အပ်ထားတဲ့ ထုတ်ကုန်တွေကို အော်ဒါလက်ခံထားတယ်။ ဒါပေမယ့် အလုပ်သမားမလုံလောက်တော့  အလုပ်တွေက အချိန်မီမပြီးတော့ဘူး၊ နိုင်ငံခြားကနေ လူကုန်ကူးမှု တိုက်ဖျက်ချင်တာကို ကျနော်တို့ ထောက်ခံကြိုဆိုပါတယ်။ ကျနော်တို့ဘက်က အလုပ်သမားတွေပေါ် ခေါင်းပုံဖြတ်မှု မရှိစေရဘူးဆိုတာ ပြောခဲ့ပါတယ်။”

လုပ်ငန်းရှင်တွေဘက်က  အလုပ်သမားတွေအတွက် အမြဲတမ်းအလုပ်သမားကတ် လုပ်ဆောင်နိုင်တဲ့ အလုပ်သမားဥပဒေ ပုဒ်မ ၁၇ ကို ကျင့်သုံးဖို့ တိုက်တွန်းပြီး၊ အလုပ်သမားဖမ်းဆီးနှိမ်နင်းမှု လျှော့ချပေးဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။

လုပ်ငန်းရှင်တွေရဲ့ တောင်းဆိုချက်ပါစာလွှာကို ဒုတပ်ရင်းမှူး ဗိုလ်မှူး ဆုဖချူတ် ထ၀ပ်ဖိရချိုင်းက လက်ခံရယူပြီး  လုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးခဲ့ပါတယ်။

ဒုတပ်ရင်းမှူးက သူတို့တောင်းဆိုချက်တွေကို ထိုင်းဝန်ကြီးချုပ်ဆီ ဆက်လက်တင်ပြပေးမယ့် အကြောင်း၊  တရားမ၀င်အလုပ်သမားဖမ်းဆီးနှိမ်နင်းရေးစီမံချက်ကို ခေတ္တဆိုင်းငံ့ထာဖို့နဲ့၊ နယ်စပ်ဖြတ် နေ့ချင်းပြန်အလုပ်သမားငှားရမ်းဖို့ ဥပဒေ ပုဒ်မ ၁၄ ကို အကောင်အထည်ဖော်ရေး၊ အလုပ်သမားပြတ်လပ်မှု ပြဿ  နာ ဖြေရှင်းဖို့ လောလောဆယ် စက်ရုံအလုပ်ရုံနဲ့ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းခွင်ထဲက အလုပ်သမားတွေ ခန့်ထားဖို့၊ ပုဒ်မ ၁၇ အရ၊ အလုပ်သမားငှားရမ်းခွင့် ကိုတာ (ဝေပုံကျ) ထုတ်ပေးဖို့ ကိစ္စတွေလည်း အစိုးရကို တင်ပြပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013