DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးပါတီများကို ရွေးကောက်ပွဲကော်မရှင် သင်တန်းပေးမည်
DVB
·
May 7, 2015
နိုင်ငံရေးပါတီများကို ရွေးကောက်ပွဲကော်မရှင် သင်တန်းပေးမည်
Donate to DVB

မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေကို ဒီကနေ့ မေလ ၇ ရက်နေ့ ကစပြီး နေပြည်တော်မှာ   မဲဆန္ဒရှင်ပညာပေးသင်တန်းတွေ အသုတ်လိုက် ပေးသွားဖို့ရှိတယ်လို့  ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်က ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဒု-ညွှန်ကြားရေးမှူး ဦးလှမောင်ချိုက “မဲဆန္ဒရှင် ပညာပေး သင်တန်းတက်ရောက်ဖို့ပါ။ ကျနော်တို့က အလှည့်ကျသင်တန်းတွေ ပေးနေတယ်။ နိုင်ငံရေးပါတီကိုယ်စားလှယ်တွေပါ ဖိတ်ပါတယ်”လို့ပြောပါတယ်။

နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့်ပြုထားတဲ့ နံပတ်အစဉ်အတိုင်း  သီတင်းတပတ်ကို ၁၀ ပါတီနှုန်းနဲ့ အသုတ်လိုက် သင်တန်းပေးသွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

ပထမ အသုတ်သင်တန်းပေးမယ့် ပါတီတွေထဲမှာ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ လားဟူ အမျီုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ နဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ)  စတဲ့ နိုင်ငံရေး ပါတီတွေပါဝင်ပါတယ်။

ခုလို ကော်မရှင်က နိုင်ငံရေးပါတီတွေကို ခေါ်ယူသင်တန်းပေးတာနဲ့ပတ်သက်ပြီး တစညပါတီ ဗဟိုကော်မတီဝင်ဦးဟန်ရွှေက “အားလုံးပါဝင်ပြီးတော့ ရွေးကောက်ပွဲမှာ ပြည်သူတွေပါ ပါဝင်ပြီးတော့ အောင်မြင်အောင်  လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်ရှိတော့ ပြည်သူတွေ အနေနဲ့လည်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ သိရှိစေဖို့ ဆိုပြီးတော့ ဟိုတုန်းက တည်းကပဲ မီဒီယာတွေနဲ့ ပတ်သက်လို့လည်း သီးခြားတွေ့ပြီးတော့ ဒီကိစ္စ ပြောဆိုဆွေးနွေးတာရှိတယ်၊ ထို့အတူ နိုင်ငံရေးပါတီတွေနဲ့ တွေ့ပြီးလည်း ပြောဆိုဆွေးနွေး တာရှိတယ်၊ ကျနော်ကတော့ ယူဆထားတာက ကော်မရှင်ရယ်၊ မီဒီယာရယ် အရပ်ဖက်အဖွဲ့ အစည်းတွေရယ် အန်ဂျီအိုတွေရယ် ပါတီတွေရယ် နောက်ပြည်သူတွေပါ ပူးပေါင်းပြီးတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အောင်မြင်အောင်လုပ်မယ်ဆိုတဲ့ ဗျူဟာအရ အခုလို လုပ်တယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။

နေပြည်တော်မှာကျင်းပမယ့် ဒီသင်တန်းကိုနိုင်ငံရေးပါတီတွေနဲ့အတူ တိုင်းဒေသကြီး နဲ့ ခရိုင်အဆင့်ရွေးကောက်ပွဲကော်မရှင်တွေက အဖွဲ့ဝင်တွေပါ တက်ရောက်မယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013