DVB Logo
Home
မြန်မာသတင်း
အကြမ်းမဖက်ရေးဘုရားမှာ ဆုတောင်းသည့် မိတ္ထီလာမြို့ခံများ တရားစွဲခံရ
DVB
·
May 5, 2015
အကြမ်းမဖက်ရေးဘုရားမှာ ဆုတောင်းသည့်  မိတ္ထီလာမြို့ခံများ တရားစွဲခံရ
Donate to DVB

ပြီးခဲ့တဲ့ မတ်လတုန်းက အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက် ဆန္ဒပြခဲ့တဲ့  ကျောင်းသားတွေ လက်ပံတန်းမှာ ပိတ်မိနေချိန် ဆန္ဒပြကျောင်းသားတွေကို အကြမ်းမဖက်ဖို့ ဆုတောင်းပွဲလုပ် ခဲ့ကြတဲ့ မိတ္ထီလာမြို့ခံတွေ   ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုခံနေရပါတယ်။

ဆန္ဒပြကျောင်းသားတွေကို ထောက်ခံကြောင်းနဲ့ အစိုးရအနေနဲ့ ကျောင်းသားတွေကို အကြမ်းမဖက်ဖို့ တောင်းဆိုတဲ့ပိုစတာတွေ ကိုင်ဆောင် ဘုရားမှာ ဆုတောင်းခဲ့ကြတဲ့ မိတ္ထီလာမြို့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခရိုင်ပြန်ကြားရေးမှူး ဒေါ်ခင်မေစီ၊  လူမှုအကျိုးဆောင်ကွန်ရက်က တာဝန်ခံ ဒေါ်မြင့်မြင့်အေးနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့ အဖွဲ့အစည်း က  ဒေါ်မေသက်ဦး တို့ကို မိတ္တိလာ ရဲမှူးကြီးက တရားစွဲဆိုခဲ့တာပါ။

မြို့မရဲစခန်းက သူတို့ကို ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ နဲ့  မတ်လ ၂၅ ရက်နေ့မှာ တရားစွဲဆိုစစ်ချက်ယူခဲ့ပြီး  မေလ ၄ ရက်  မနေ့ ကတော့ တရားရုံးမှာ စွဲချက်တင် အာမခံနဲ့ ပြန်လွှတ်ပေးလိုက်တယ်လို့  ဒေါ်မြင့်မြင့်အေးက ပြောပါတယ်။

“မနေ့က တရားရုံးကို ကျမတို့ သွားရတယ်။ သွားပြီးတော့ ကိုယ်ပိုင်ခံဝန်နဲ့ပဲ ထုတ်လွတ်ထုခြေခဲ့ရပြီးတော့ သိန်း ၂၀ အာမခံနဲ့ယူလာတယ်။ ကိုယ်ပိုင်ခံဝန်နဲ့ပဲ အာမခံယူလာတယ်။ ကျမတို့ ရင်ဆိုင်ရမယ်ပေါ့ တရားရုံးမှာ အဲတော့ သောကြာ နေ့ တိုင်း ရုံးချိန်ရှိမယ်ဆိုတော့ ၈ ရက်နေ့ သောကြာနေ့ ရုံးချိန်းသွားရမှာပေါ့။”

မိတ္ထီလာမြို့ခံတွေ မတ်လ ၄ ရက်နေ့က မိတ္ထီလာရေလည်ဘုရားမှာ သွားရောက် ဆုတောင်းခဲ့ကြတာနဲ့ ပတ်သက်ပြီး လူမှု အကျိုးဆောင်ကွန်ရက်က တာဝန်ခံ ဒေါ်မြင့်မြင့်အေးက “ကျမတို့ကတော့ ဖယောင်းတိုင်တွေကိုင်တယ်။ ပန်းတွေကိုင်သွားတယ်။ ပြီးတော့ အစောစောက အချက် ၂ ချက်ပါတဲ့ စာရွက် ၂ ရွက် ကိုင်သွားတယ်။ အန်အလ်ဒီအဖွဲ့ကလည်း လာတယ်။ မြို့လယ် ခေါင်မှာ ဆုံတယ်။ ငြိမ်းပွင့်ကလည်းလာတယ်။ ဗကသက လည်းလာတယ်။ ကျမတို့ ၄ ဖွဲ့ပေါင်း လူ ၇၀ လောက်ဖြစ်သွားတာပေါ့လေ။ ကန်ကိုဖြတ်ပြီးတော့ မိတ္ထီလာတောင်ဘက်ကန်မှာရှိတဲ့ ရေလယ်ဘုရားကိုသွားပြီးတော့ ၀တ်ပြုဆုတောင်းတယ်။ ပြီးတော့ စကားကို တယောက် ၅ မိနစ် ပြောကြတယ်ပေါ့။ သမ္မတဦးသိန်းစိန်ကိုလည်း အကြမ်းမဖက်ဖို့ တောင်းဆိုတယ်။ အဲဒါလေးပါ။”လို့ပြောပါတယ်။

လက်ပံတန်းမှာ တားဆီးပိတ်ဆို့ခံခဲ့ရတဲ့  ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းက ကျောင်းသားတွေကိုတော့  မတ်လ ၁၀ နေ့မှာ ရဲလုံခြုံရေးတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ဖြိုခွင်း ဖမ်းဆီးပြီး လက်ရှိ သာယာဝတီထောင်မှာ ထိန်းသိမ်းတရားစွဲဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013