DVB Logo
Home
မြန်မာသတင်း
ဆွာက စစ်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်၊ ဗိုလ်မှူး အပါအဝင် ၂၀ ခန့်သေ
DVB
·
June 7, 2026
Photo : နေပြည်တော်တိုင်းစစ်ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ရေတာရှည် ပကဖ
Photo : နေပြည်တော်တိုင်းစစ်ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ရေတာရှည် ပကဖ
Donate to DVB

ပဲခူးတိုင်း၊ ဆွာမြို့နယ်က စစ်တပ်စခန်းတခုကို ဇွန် ၃ ရက်နေ့မှာ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ စစ်တပ်ဘက်က ဗိုလ်မှူးအဆင့်ရှိသူ ၁ ယောက် အပါအဝင် ၂၀ လောက် သေဆုံးခဲ့ပြီး ဇွန် ၆ ရက်နေ့မှာ ရေတာရှည်မြို့နယ်ထဲကို စစ်တပ်က ဗုံးကြဲခဲ့တာကြောင့် အမျိုးသား ၁ ယောက် သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ဆွာမကြီး (ဆွာရွာမ) ရွာက အင်အား ၆၀ လောက်နဲ့ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို မနက် ၅ နာရီဝန်းကျင်လောက်မှာ နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာ ၁၈၊ ဗျူဟာ ၁၉ လက်အောက်က PDF တပ်ရင်းတွေနဲ့ နေပြည်တော် ပကဖ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

နေပြည်တော်တိုင်းစစ်ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲ့ ပြန်ကြား​ရေး တာဝန်ရှိသူက “အဲဒီ တိုက်ပွဲထဲမှာ တကရ ၆၀၁၇ တင့်ကားတပ်ရင်းက (ကြည်း-၄၄၇၂၉) ဗိုလ်မှူး ကျော်လင်းအောင် အပါအဝင် ရန်သူ ၂၀ ကျော် သေဆုံးခဲ့ပြီးတော့ ကျန်တဲ့သူတွေကတော့ အထိနာပြီး ထွက်ပြေးသွားကြတယ်။ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းနိုင်ခဲ့တယ်။ အဲဒီ စခန်းတိုက်ပွဲပြီးတော့ မနက် ၆ နာရီခွဲလောက်မှာလည်း ရွာသစ်ရွာက စစ်တပ်စခန်းကို ထပ်ပြီး တိုက်ခိုက်ခဲ့ပေမဲ့ ရန်သူ့ဘက်က ထိခိုက်သေဆုံးတဲ့အခြေအနေကို မသိရသလို လက်နက်ခဲယမ်း သိမ်းဆည်းရခဲ့တာလည် မရှိခဲ့ဘူး” လို့ ပြောပါတယ်။

ဆွာမကြီး (ဆွာရွာမ) ကျေးရွာ စစ်တပ်စခန်းတိုက်ပွဲကနေ G3 သေနတ် ၁၁ လက်၊ MA3 သေနတ် ၁ လက်၊ MA11 သေနတ် ၁ လက်၊ ပစ္စတို ၁ လက်၊ ခဲယမ်းမျိုးစုံ ၁,၀၀၀ ကျော်၊ အီနာဂါဗုံးသီး ၅ လုံး၊ နင်းမိုင်း ၂ လုံး၊ ၁၄ မိုင်း ၃ လုံး၊ ၆၀ မမ ပို့ယမ်း ၁၅ တောင့်၊ G3 ကျည်ဘောက် ၇ ခု၊ MA ကျည်ဘောက် ၂ ​ခု နဲ့ စားနပ်ရိက္ခာတွေအပြင် ဆေးဝါးပစ္စည်းတွေကိုလည်း သိမ်းဆည်း ရရှိတယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိအချိန်မှာ ရေတာရှည်မြို့နယ်နဲ့ ဆွာမြို့နယ်ထဲက ကျေးရွာတွေကို စစ်တပ်ဘက်က စစ်ကြောင်းထိုး ဝင်ရောက်နေတာကြောင့် နေပြည်တော်တိုင်းစစ်ဌာန ကွပ်ကဲမှုအောက်မှာရှိကြတဲ့ ဗျူဟာ ၁၈၊ ၁၉ တပ်ရင်းတို့ အပြင် နေပြည်တော် ပကဖ၊ ရေတာရှည် ပကဖ၊ ၃၅၀၄ တပ်ရင်းနဲ့အတူ မဟာမိတ်ပူးပေါင်းအဖွဲ့တွေနဲ့ တိုက်ပွဲတွေပြင်းထန်နေသလို စစ်တပ်ဘက်က လေကြောင်းပစ်ကူတွေကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။

ရေတာရှည် ပကဖ၊ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက “ဇွန်လ ၆ ရက်နေ့ မနက် ၅ နာရီ မထိုးခင်လောက်မှာ ရေတာရှည်မြို့နယ်ထဲက နဂျပ်(အောက်) ရွာကို တိုက်ပွဲဖြစ်နေတာမရှိဘဲနဲ့ စစ်တပ်ဘက်က Y12 လေယာဉ်နဲ့ ဗုံး ၁၀ လုံးလောက် ကြဲသွားတယ်။ တိုက်ပွဲ​ဖြစ်နေတာနဲ့ နီးနေတဲ့ရွာဖြစ်လို့ ရွာခံအများစုကတော့ စစ်ရှောင်နေကြတယ်ဆိုပေမဲ့ ရွာမှာ ကျန်နေခဲ့တဲ့ အသက်ကြီးပိုင်း အမျိုးသား ၁ ယောက် ပွဲချင်းပြီး သေဆုံးခဲ့တယ်။ အမျိုးသား ၂ ယောက်လည်း ထိခိုက်ဒဏ်ရာရခဲ့ပြီးတော့ အိမ် ၂ လုံး ပျက်စီးသွားတယ်” လို့ DVB ကို ပြောပါတယ်။

ရေတာရှည်မြို့နယ်နဲ့ ဆွာမြို့နယ်ထဲက ကျေးရွာတွေကိုဝင်ရောက်နေတဲ့ စစ်ကြောင်းဟာ ကျေးရွာတွေမှာ တွေ့တဲ့ပြည်သူတွေကိုဖမ်းဆီးပြီး စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ လူသားဒိုင်းအဖြစ် ဖမ်းဆီးပိတ်လှောင်ထားပြီး ရိုက်နှက်ညှဉ်းပန်းနှိက်စက်နေသလို ပြည်သူပိုင်ပစ္စည်းတွေကိုလည်း ခိုးယူသယ်ဆောင်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ပြည်သူတွေအနေနဲ့လည်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကို အထူးဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013