DVB Logo
Home
မြန်မာသတင်း
ခွေးတကောင်မှ စွန့်ပစ်ကလေးငယ်ကို ကိုက်ချီ ကယ်ဆယ်
DVB
·
May 5, 2015
ခွေးတကောင်မှ စွန့်ပစ်ကလေးငယ်ကို ကိုက်ချီ ကယ်ဆယ်
1 / 3
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း ချွန်းပူရီခရိုင် ချွန်းပူရီမြို့မှာ စွန့်ပစ်ခံရတဲ့ မွေးကင်းစ ကလေးငယ်ကို ခွေးမတကောင်က ကိုက်ချီကယ်ဆယ်ခဲ့တယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

14307388701430739273l ပြီးခဲ့တဲ့ မေ ၃ ရက် ည ၉ နာရီခွဲအချိန်က ဆမစ်ရပ်ကွက် ဖတ်ထနားဗျူးအိမ်ယာနားမှာ စွန့်ပစ်ခံရတဲ့ မွေးစကလေးတယောက် တွေ့ရှိကြောင်း သတင်းပေးချက်အရ ကယ်ဆယ်ရေး အဖွဲ့တွေနဲ့အတူ အဲဒီကလေးငယ်ကို သွားခေါ်ခဲ့တယ်လို့ ဆမစ်ရဲစခန်း တာဝန်ကျရဲမှူး ဗိုလ်မှူးပရထစ်ပ်ထောင်း ဒီးက သတင်းထောက်တွေကို ပြောပြပါတယ်။

ကလေးငယ်ကို စတင်တွေ့ရှိသူ နိုင်းနွဲ့ ဆိုသူက ရဲတပ်ဖွဲ့ကို ပြောပြရာမှာ အဲဒီညက ဆိုင်ကယ်နဲ့ အပြင်သွားပြီးအပြန် ရပ်ကွက်အမှိုက်ပုံနားမှာ  ခွေး ၃ ကောင်က တခုခုလုနေတာ မြင်ရကြောင်း၊ အနီးရောက်တော့ ကလေးငိုသံပါ ကြားလို့ ဆိုင်ကယ်ရပ်ပြီး ကြည့်နေစဉ် ခွေးတကောင်က ကလေးငယ်ကို ကိုက်ချီလာပြီး ၁၀ မီတာအကွာ အိမ်ယာအရှေ့နား လာချထားတာ မြင်တဲ့ အတွက် ရဲစခန်းကို ဖုန်းဆက်အကြောင်းကြားတာလို့ ဆိုပါတယ်။

EyWwB5WU57MYnKOuFtKfe2qEvCUCWHhc28KHV7SJiwtoek45DPXZQsကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ကလေးငယ်ကို စစ်ဆေးရာမှာ မိန်းကလေးဖြစ်ပြီး ဖြူတဲ့ အသားအရေ ရှိကြောင်း ၊  သူ့တကိုယ်လုံး ခွေးကိုက်ရာတွေနဲ့ ပြည့်နေပေမယ့်  အသက်ရှင်လျက် တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ကလေးလာစွန့်ပစ်သူကို တရားဥပဒေအရ အရေးယူနိုင်ဖို့ အဲဒီအနီးတ၀ိုက်က စောင့်ကြည့် ကင်မရာတွေကို စစ်ဆေးလျက်ရှိကြောင်း၊ ကလေးငယ်ကို ကိုက်ချီပြီး လူနေအိမ်နား လာ ချထားပေးတဲ့ (နုံးဆွတ်) အမည်ရှိ ခွေးမကိုတော့ မြို့နယ်ရဲမှူးက ခွေးလည်ပတ်တခုကို လက်ဆောင်ပေးကာ ကြက်ကင်ဝယ်ကျွေးပြီး ဆုချခဲ့တယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013