DVB Logo
Home
မြန်မာသတင်း
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ပန်ဆန်းညီလာခံ သဘောတူ
DVB
·
May 5, 2015
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ပန်ဆန်းညီလာခံ သဘောတူ
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့မှာ ကျင်းပနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့ရဲ့ ထိပ်သီးခေါင်းဆောင်များအစည်းအဝေးမှာ သဘောတူညီမှု ရသွားပါတယ်။

အစည်းအဝေး ၄ ရက်မြောက်နေ့ ဖြစ်တဲ့ မေ ၄ ရက်နေ့မှာ သဘောတူညီမှု ရသွားတာလို့ ၀ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် (ယူဒဗလျူအက်စ်အေ) ပြောခွင့်ရ ဦးအောင်မြင့်က ဒီဗွီဘီကို ပြောပါတယ်။

“ဒါအားလုံးက သဘောတူတယ်။ အားလုံးက ဆွေးနွေးကြတယ်။ အဖွဲ့တိုင်းက ပြောကြတယ်။ မနေ့က အားလုံးအဖွဲ့အစည်းတွေ ကိုယ့်အမြင်သူ့အမြင် အားလုံးထပ်ပြီးတော့ ဆွေးနွေး တင်ပြ သွားပြီးပြီ။ ဒီနေ့က ဘုံသဘောတူညီချက် ဒါမှမဟုတ် ထုတ်ပြန် ကြေညာချက်ကိစ္စကို တဖွဲ့တဦး အစည်းအဝေး အတွင်းရေးမှူးအဖွဲ့နဲ့ အားလုံး အခုထိုင် ဆွေးနွေးနေကြတယ်။”

တိုင်းရင်းသား လက်နက်အဖွဲ့ ၁၂ ဖွဲ့ ထိပ်သီးခေါင်းဆောင်များ မျက်နှာစုံညီ အစည်းအဝေးကို မနက်ဖြန် မေ ၆ ရက်ထိ ဆက်လက်ကျင်းပမှာဖြစ်ပြီး ဆွေးနွေးပွဲအပြီး ဘုံသဘောတူညီချက် ထုတ်ပြန်ကြေညာသွားမယ်လို့လည်း ဦးအောင်မြင့်က ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၂ ဖွဲ့က ထိပ်သီးခေါင်းဆောင်တွေဟာ ၀ပြည် သွေးစည်းညီညွှတ်ရေးတပ်မတော်ဌာနချုပ် တည်ရှိရာ ပန်ဆန်းမြို့မှာ မေ ၁ ရက်နေ့ ကတည်းက ပြည်တွင်းငြိမ်းချမ်းရေး၊ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနဲ့ မြန်မာနိုင်ငံ လက်ရှိ နိုင်ငံရေး အခြေအနေတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနေကြတာပါ။

ညီလာခံ တက်ရောက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ကတော့ ရှမ်းပြည် တပ်မတော်တောင်ပိုင်းအဖွဲ့ (အာရ်စီအက်စ်အက်စ်၊ အက်စ်အက်စ်အေ)၊ ကချင်လွတ်လပ်ရေး အဖွဲ့ (ကေအိုင်အေ၊ ကေအိုင်အို)၊ ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ)၊ တအာင်း လွတ်မြောက်ရေးတပ်မတော်(ပီအက်စ်အယ်လ်အက်ဖ်)၊ ရခိုင်တပ်မတော် (အေအေ)၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (အက်စ်အက်စ်ပီပီ၊ အက်စ်အက်စ်အေ)၊ မိုင်းလား တပ်ဖွဲ့(အန်ဒီအေအေ)၊၊ မွန်ပြည်သစ်ပါတီ(အန်အမ်အက်စ်ပီ)၊ ၀တပ်ဖွဲ့(ယူဒဗလျူအက်စ်အေ)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (ပီအန်အယ်လ်အို)၊ ကိုးကန့်တပ်ဖွဲ့(အမ်အန်ဒီအေအေ)၊ ကရင်နီအမျိုး သားတိုးတက်ရေးပါတီ (ကေအန်ပီပီ)တို့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013