အမေရိကန်နဲ့ ဂျပန် ၂ နိုင်ငံစလုံးက ယန်းငွေဝယ်ယူရေး ကြားဝင်ဆောင်ရွက်မှုကို ညှိနှိုင်းပြီးတဲ့နောက် သြဂုတ် ၂ ရက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အမေရိကန်နဲ့ ဂျပန်အကြား ဆက်ဆံရေးကို ချီးကျူးခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုက ချစ်ကြည်ရင်းနှီးမှု လက္ခဏာတရပ်အဖြစ် ယန်းငွေတန်ဖိုးကို မြှင့်တင်ဖို့နဲ့ ကမ္ဘာ့စီးပွားရေးကို ကူညီဖို့ ဂျပန်နိုင်ငံကို ကူညီပေးနေတယ်လို့ တနင်္ဂနွေနေ့မှာ ထရမ့်ပ်က ပြောပါတယ်။
ထရမ့်ပ်ရဲ့ မှတ်ချက်တွေအပြီးမှာ အမေရိကန်ဒေါ်လာတန်ဖိုးဟာ ယန်းငွေနဲ့ယှဉ်ရင် ၀ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။
ပြီးခဲ့တဲ့လ နှောင်းပိုင်းမှာ ၁၆၄ လောက်ရှိတဲ့ ငွေတန်ဖိုးဟာ နှစ် ၄၀အတွင်း အမြင့်ဆုံးဈေးနှုန်းထိ ရောက်ခဲ့ပြီး ခုတော့ ၁၅၇ ဒသမ ၀၇ ယန်းထိ ကျဆင်းသွားခဲ့ပါတယ်။
ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာန (MOF) က အမေရိကန် ဘဏ္ဍာရေးဌာနနဲ့ ပူးတွဲယန်းငွေဝယ်ယူရေး ကြားဝင်ဆောင်ရွက်ခဲ့တယ်လို့ ဇူလိုင်လ ၃၁ ရက်မှာ ကြေညာချက်ထုတ်ပြန် ပြောပါတယ်။
Source: Reuters










