DVB Logo
Home
မြန်မာသတင်း
မြေသိမ်းမှုတရားစီရင်ချက်ပေါ် မကျေနပ်၍ လွိုင်ကော်တွင် ဆန္ဒပြ
DVB
·
May 4, 2015
မြေသိမ်းမှုတရားစီရင်ချက်ပေါ် မကျေနပ်၍ လွိုင်ကော်တွင် ဆန္ဒပြ
1 / 10
Donate to DVB

ကယားပြည်နယ် ဒီမောဆိုးမြို့နယ်ထဲက စစ်တပ်သိမ်းဆည်းမြေပေါ် ၀င်ထွန်ယက်တဲ့ ရွာသားတွေဟာ ပိုက်နက်ကျူးလွန်မှုကို ကျူးလွန်ခဲ့ကြတယ်လို့ လွိုင်ကော်မြို့နယ်တရားရုံးက ဒီကနေ့ စီရင်ချက်အပေါ် ရာနဲ့ချီတဲ့ရွာသားတွေက ကန့်ကွက်ဆန္ဒပြကြပါတယ်။

ဒီမောဆိုမြို့နယ် ဒေါ်ဆိုရှေးရွာက ရွာသားတွေအဆိုအရ သူတို့ဘိုးဘွားဘီဘင်လက်ထက် နှစ်ပေါင်းရာချီပြီး လုပ်ကိုင်စားသောက်နေခဲ့ကြရာက လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ခန့်က ရောက်လာတဲ့ အမှတ် ၃၆၀ အမြောက်တပ်ရင်းက ဧကပေါင်း ၂၀၀၀ ကျော်ကို သိမ်းယူခဲ့တာဖြစ်ကြောင်း၊ ရွာသားတွေက အဲဒီမြေပေါ်မှာ တောင်ယာလုပ်ရင်း မနှစ် မိုးတွင်းကာလမှာ ပိုင်နက်ကျူးလွန်မှုနဲ့တရားစွဲဆိုခဲ့တာဖြ စ်တယ်လို့ ဆိုပါတယ်။

လွိုင်ကော်မြို့နယ်တရားရုံးက ရွာသား ၁၀ ဦးအနက် ၄ ဦးကို တရားသေလွှတ်ပေးလိုက်ပြီး ၆ ဦးကို ထောင်ဒဏ် ၁၅ ရက် (သို့မဟုတ်) ငွေဒဏ် ကျပ် ၅၀၀ စီချမှတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့တုန်းကလည်း တပ်မတော်က သိမ်းယူထားတဲ့ ဘိုးဘွားပိုင်မြေပေါ် ထွန်တုံးတိုက်ပွဲဝင် ထွန်ယက်လို့ တရားစွဲခံရသူ ဆိုလျားကူးရွာသား ၃ ဦးကို ကယားပြည်နယ် ဖရူဆိုမြို့နယ်တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့တဲ့အပေါ် ရွာသား ၅၀၀ ခန့် ကန့်ကွက်ဆန္ဒပြမှုဖြစ်အပြီး ကယားပြည်နယ်မှာ ထပ်မံပြစ်ဒဏ်စီရင်ခဲ့တာ ဖြစ်ပါတယ်။

ပြစ်ဒဏ်အပေါ် ဒဏ်ငွေအသီးသီး ပေးဆောင်ခဲ့ပေမယ့်လည်း မိမိမြေတွေ ပြန်လည်ပိုင်ဆိုင်ခွင့်ရရေး ဆက်ပြီးကြိုးစားသွားမယ်လို့ တရားစွဲခံတောင်သူ တဦးက ခုလိုပြောပါတယ်။

“ဒီမြေပေါ်မှာ ကျနော်တို့ မစိုက်ရလို့မဖြစ်ဘူး။ မစိုက်ရင် ဘာနဲ့သွားစားမလဲ ၊ နောက်တပတ် ခရိုင်တရားရုံးမှာ ဆက်ပြီးအယူခံတင်မယ်။ ကျနော့်မြေဆို ၁၅ ဧက၊ သူတို့သိမ်းသွားတုန်းကဆို ပြောင်းဖူးတွေစိုက်ထားတာ၊ ပြီးတော့ ကျနော့အစ်ကိုမြေရော၊ ဆွေမျိုးတွေရော၊ တရွာလုံးဘဲ၊ ၅၀၀ ကျော် ၊ တရွာလုံး ဒီမြေပေါ်လုပ်စားတာ”လို့ ပြောပါတယ်။

ဒီကနေ့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ကရင်နီပြည်တောင်သူလယ်သမား သမဂ္ဂဥက္ကဋ္ဌ ဦးသဲရယ်က ပိုက်နက်ကျုးလွန်မှုနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ချက်အပေါ် မကျေနပ်လို နှစ်မှုပေါင်းပြီး ဆန္ဒပြတာလို့ ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ မကျေနပ်တဲ့ အမှုက ၂ ခုရှိတယ်။ တစ်ခုက အရင်တပတ် တနင်္လာနေ့က ကျနော်တို့ ဆိုလျားကူးရွာသားတွေကို ဖရူဆိုတရားရုံးက စီရင်ချက်ချတဲ့ကိစ္စ၊ နောက်တခုက ဒီကနေ့မနက် ဒေါဆိုရှေး ရွာသားတွေကို အပြစ်ရှိတယ်ဆိုပြီး လွိုင်ကော်တရားရုံးက စီရင်ချက်ချတာ။ ကျနော်တို့ကို နယ်မြေကျူးကျော်တယ်ဆိုပြီး အပစ်ပေး တဲ့အတွက် တောင်သူတွေ လက်မခံနိုင်လို့ လမ်းပေါ်ထွက်ပြီး အော်နေတာပါခင်ဗျ။”

ဆန္ဒပြပွဲကို ဒေသခံပေါင်း ၅၀၀ ကျော်ရှိပြီး ရွာ ၂ ရွာက တောင်သူတွေအပြင် ဒီမောဆို၊ ဖရူဆို၊ မိုးဗြဲ နဲ့ လွိုင်ကော် စတဲ့ မြို့နယ် ၅ ခုက ဒေသခံတွေပါ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

[gallery ids="91605,91606,91607,91608,91609,91610,91611,91612,91613,91614"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013