DVB Logo
Home
မြန်မာသတင်း
မြန်မာ့စာနယ်ဇင်းလွတ်လပ်ခွင့် အများကြီး နောက်ကျနေဟု ဒေါ်အောင်ဆန်းစုကြည်ပြော
DVB
·
May 3, 2015
မြန်မာ့စာနယ်ဇင်းလွတ်လပ်ခွင့် အများကြီး နောက်ကျနေဟု ဒေါ်အောင်ဆန်းစုကြည်ပြော
Donate to DVB

မြန်မာနိုင်ငံမှာ စာနယ်ဇင်းလွတ်လပ်ခွင့်အကြောင်း ပြောတဲ့အချိန်က အများကြီးနောက်ကျနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

မေ ၃ ရက်နေ့ ကျရောက်တဲ့ ကမ္ဘာစာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားမှာ ပြည်သူ့လွတ်တော်  တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ  ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားလိုက်တာပါ။

“ကျမတို့ မြန်မာနိုင်ငံဟာ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကြားသိတဲ့အချိန်ဟာ တနည်းအားဖြင့် ပြောရမယ်ဆိုရင် အင်မတန်မှ အချိန်နှောင်းနေပြီဖြစ်ပါတယ်။ အချိန်နှောင်းတယ်ဆိုတာဟာ ဘယ်လိုပြောလိုတာလဲဆိုတော့ စာနယ်ဇင်းလွတ်လပ်မှုကို တည်တည်ငြိမ်ငြိမ်နဲ့အချိန်ယူပြီး တည်ဆောက်နိုင်ဖို့ ကာလ လွန်တဲ့အချိန်မှာ ကျမတို့ဟာ စာနယ်ဇင်းလွတ်လပ်မှုကို ရလာလို့ပါ။ ပြောရမယ်ဆိုရင် social media ကို ကျယ်ကျယ်ပြန့်ပြန့်သုံးနေတဲ့ အချိန်မှာမှ ကျမတို့နိုင်ငံက စာနယ်ဇင်းလောက လွတ်လပ်မှု အတိုင်းအတာတခုထိ ရလာတယ်ဆိုတဲ့အခါကျတော့ အေးအေးဆေးဆေးနဲ့ တည်ဆောက်ဖို့၊ သိက္ခာရှိတဲ့ စာနယ်ဇင်းကျင့်ဝတ်တွေ တည်ဆောက်ဖို့အချိန်က နည်းနည်း လွန်လာပြီဖြစ်ပါတယ်။ အချိန်လွန်လို့ မလုပ်နိုင်တာ မဟုတ်ပါဘူး၊ အချိန်လွန်မှ စပြီးလုပ်ရလို့ ကျမတို့ ပိုပြီးတော့ ကြိုးစားရမှာ၊ ပိုပြီးတော့ သတိထားရမယ်၊ ပိုပြီးတော့ ၀ါယမစိုက်ထုတ်ရမှာ ဖြစ်ပါတယ်။”

ဒါ့ပြင် စာနယ်ဇင်းလွတ်လပ်ခွင့် နိမ့်ကျနေဆဲ မြန်မာနိုင်ငံမှာ စာနယ်ဇင်းသမားတွေဟာ စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ခံရမူတွေ ရှိနေတယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

[caption id="attachment_91469" align="aligncenter" width="622"]ဦးရဲထွဋ် ဦးရဲထွဋ်[/caption]

“ခြိမ်းခြောက်မှုပုံစံတခု ဖြစ်လာတယ်ဆိုတာက ဘယ်လိုဟာမျိုးလဲဆိုတော့ မိမိအဖွဲ့အစည်း၊ မိမိရဲ့ခေါင်းဆောင်တွေ၊ မိမိရဲ့မူဝါဒတွေနဲ့ ကွဲပြားခြားတဲ့သူတွေရှိတဲ့ စာနယ်ဇင်းသမားတွေ။ သူတို့ရဲ့ တာဝန်အရ ကျင့်ဝတ်နဲ့အညီ ဝေဖန်ထောက်ပြလာတဲ့ စာနယ်ဇင်းသမားတွေကို လူမှုကွန်ရက်မီဒီယာတွေပေါ်ကနေ ပုံစံမျိုးစုံနဲ့ ထိုးနှက်တိုက်ခိုက်ခြင်းဖြစ်ပါတယ်။ အဲဒီအဖြစ်အပျက်ဟာ ကျနော်တို့ အမုန်းတရားကို ပွားများစေတဲ့ ရေးသားမှုတွေ အင်တာနက်မီဒီယာတွေအပေါ်မှာ ကျယ်ပြန့်လာချိန်နဲ့ ဆက်စပ်သွားမှာဖြစ်ပါတယ်။ လူမှုကွန်ရက်မီဒီယာတွေပေါ်က တိုက်ခိုက်မှုတွေဟာ ဒီလိုမျိုးဖြစ်နေမယ်ဆိုရင် ကျနော်တို့ ရွေးကောက်ပွဲဆိုင်ရာ သတင်းရေးသားမှုတွေမှာပါ ထိခိုက်လာနိုင်တဲ့အခြေအနေ ရှိပါတယ်။”

စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး နိုင်ငံတကာအဖွဲ့စည်းတွေက ထုတ်ပြန်တဲ့ အစီရင်ခံစာတွေမှာဆိုရင် မြန်မာနိုင်ငံဟာ  စာနယ်ဇင်းလွတ်လပ်ခွင့် နိမ့်ကျဆဲနိုင်ငံမှာ ပါဝင်နေမြဲဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကတော့ ဒီအစီရင်ခံစာတွေဟာ လွတ်လပ်ခွင့်တခုပဲ အခြေခံထားတာကြောင့် ပြည့်စုံလုံလောက်မူမရှိဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လေးကြိမ်မြောက်ကျင်းပတဲ့ ကမ္ဘာစာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားကို ရန်ကုန်မြို့ ပြည်လမ်းက နိုဘိုတယ် ဟိုတယ်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013