DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲတွင် ပြည်သူ့ရွေးချယ်မှုကို အလေးထားမည်ဟု ဦးရွှေမန်းပြော
DVB
·
May 3, 2015
ရွေးကောက်ပွဲတွင် ပြည်သူ့ရွေးချယ်မှုကို အလေးထားမည်ဟု ဦးရွှေမန်းပြော
1 / 4
Donate to DVB

လာမယ့် ရွေးကောက်ပွဲမှာ မြန်မာအစိုးရခေါင်းဆောင်တွေ မကြိုက်နှစ်သက်တဲ့ အဖြေဖြစ်ခဲ့ရင်လည်း ပြည်သူ့ရဲ့ဆန္ဒနဲ့ ရွေးချယ်မှုကို အလေးထားမယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီက ဆွေးနွေးပွဲတခုမှာ ပြောပါတယ်။

လက်ရှိ ပြည်ထောင်စု လွှတ်တော် နာယကလည်း ဖြစ်တဲ့ ဦးရွှေမန်းက ပြည်သူ့ဆန္ဒကို အတည်ပြုပေးနိုင်မှ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မယ်လို့ Carnegie Endowment for International Peace က ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ပြောဆိုသွားတာလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ အခန်းကဏ္ဍအပေါ် မူတည်သလို လက်ရှိ အစိုးရ၊ လွှတ်တော်တွေ၊ နိုင်ငံရေးပါတီတွေ၊ လူမူရေးအဖွဲ့တွေနဲ့  ပြည်သူတွေ ပူးပေါင်း ပါဝင်နိုင်ဖို့လည်း အရေးကြီးတယ်လို့ ပြောပါတယ်။

ဒါ့အပြင် လွှတ်တော်တွေ ပြန်လည်စတင်ချိန်မှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို လုပ်ဆောင်မှာဖြစ်ပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကိစ္စ ပါလာရင် ရွေးကောက်ပွဲမတိုင်ခင်နဲ့ ရွေးကောက်ပွဲကာလအတွင်းမှာ ပြည်သူ့ဆန္ဒခံယူပွဲပြုလုပ်မယ်လို့လည်း ဆိုပါတယ်။

နိုင်ငံအတွက် အများပြည်သူအတွက် ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ ဦးရွှေမန်းက ဖြေဆိုသွားပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းဟာ မေ  ၂ ရက်နေ့ ညနေပိုင်း အမေရိကန်နိုင်ငံ မြန်မာသံရုံးကို သွားရောက်စဉ် သံရုံးရှေ့ ဆန္ဒပြ မြန်မာ အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ပြီး ဆန္ဒပြသူတွေရဲ့ တင်ပြချက်ကို မြန်မာနိုင်ငံ ပြန်ရောက်ပါက ဥပဒေကြောင်းရ ဆောင်ရွက်ပေးမယ်လို့ ပြောကြားခဲ့ကြောင်း သူ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

သူရဦးရွှေမန်းဟာ အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ ဂျွန်ဘေနာရဲ့ ဖိတ်ကြားချက်အရ ဧပြီ ၃၀ ကနေ မေလ ၆ ရက်နေ့အထိ အမေရိကန်ုနိုင်ငံကို တပတ်ကြာ ရောက်ရှိနေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ - H.E. Thura U Shwe Mann

[gallery ids="91418,91419,91420,91421"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013