
ချဲလ်ဆီးတိုက်စစ်မှူး ဂျိုအို ပက်ဒရိုဟာ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူးဟောင်း ဘန်ဇီမာရဲ့ ကစားဟန်နဲ့ ဆင်တူပြီး မန်စီးတီး တိုက်စစ်မှူး ဟာလန်းနဲ့ အဆင့်တူနီးပါး ရှိတယ်လို့ နည်းပြ ဇာဘီ အလွန်ဆိုက ပြောပါတယ်။
အသက် ၂၄ နှစ်အရွယ် ဘရာဇီး အကြိုလက်ရွေးစင် ပက်ဒရိုဟာ ဒီရာသီ ပရီးမီးယားလိဂ် အဖွင့် ၃ ပွဲမှာ ၂ ဂိုးသွင်း၊ ၂ ဂိုး ဖန်တီးပေးခဲ့ပြီး ပရီးမီးယားလိဂ် တလတာ အကောင်းဆုံး ကစားသမားဆု ရရှိခဲ့တာပါ။
ဟာလန်းလို ထိပ်တန်း တိုက်စစ်မှူးတွေနည်းတူ ပက်ဒရိုကိုလည်း ထိပ်တန်းအဆင့်မှာ အဆင့် သတ်မှတ်ထားကြောင်း အလွန်ဆို က ဆိုပါတယ်။
ပက်ဒရိုဟာ ပြီးခဲ့တဲ့ ရာသီက ချဲလ်ဆီးအသင်းမှာ ဒီယေဂိုကော့စတာ နောက်ပိုင်း ဂိုး ၂၀ အထက် ပထမဆုံး သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူးဖြစ်ခဲ့ပြီး ၅၇ ပွဲမှာ ၂၅ ဂိုး သွင်းယူထားပါတယ်။
Photo: Reuters











