DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးထားသည့် စာနယ်ဇင်းသမားများ လွတ်ငြိမ်းခွင့်ပေးရန် တောင်းဆို
DVB
·
May 2, 2015
ဖမ်းဆီးထားသည့် စာနယ်ဇင်းသမားများ လွတ်ငြိမ်းခွင့်ပေးရန် တောင်းဆို
Donate to DVB

ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ ဖမ်းဆီးအရေးယူထားတဲ့ စာနယ်ဇင်းသမားတွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ မြန်မာနိုင်ငံက စာရေးဆရာတွေ၊ စာနယ်ဇင်းသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ PEN Myanmar က တောင်းဆိုလိုက်ပါတယ်။

မေလ ၃ ရက် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့အထိမ်းအမှတ်အဖြစ် ထောင်ကျနေတဲ့ စာနယ်ဇင်းသမား ၁၂ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တာဖြစ်ပါတယ်။

ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲ ဥပဒေပေါင်းစုံနဲ့ စာနယ်ဇင်းသမားတွေကို တရားစွဲဆို ခြိမ်းခြောက်နေတဲ့ လုပ်ရပ်ကိုလည်း ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်တယ်လို့ PEN Myanmar ရဲ့ ကြေညာချက်မှာ ဖော်ပြလိုက်ပါတယ်။

အဖွဲ့ရဲ့ ဒါရိုက်တာအဖွဲ့ဝင် ဦးမျိုးမြင့်ငြိမ်းက စာနယ်ဇင်းသမားတွေအပေါ် ခြိမ်းခြောက်နှောင့်ယှက်နေတာတွေကို အမြဲမပြတ်စောင့်ကြည့်ပြီး အခုလို ကြေညာချက်တွေ ထုတ်ပြန်တာလို့ ပြောပါတယ်။

“စာပေစိစစ်ရေးမရှိတဲ့နောက်ပိုင်း အရေးယူခံထားရတဲ့ စာနယ်ဇင်းသမားတွေ အများကြီး ရှိနေပါတယ်။ ထောင်ကျနေတာတွေရော၊ အမှုရင်ဆိုင်နေရတာတွေရော အများကြီးပါ။ တဖြည်းဖြည်းနဲ့ သတင်းသမားတွေက ထောင်နှုတ်ခမ်းနင်းပြီး အလုပ်လုပ်နေရသလို ဖြစ်နေတယ်လေ။ အချိန်မရွေး ထောင်ထဲ ရောက်သွားနိုင်တယ်။ ဒါအတွက် ကျနော်တို့ စိုးရိမ်ပူပန်မှု ရှိပါတယ်။ တာဝန်ယူမှု တာဝန်ခံမှုဆိုတာတွေနဲ့ ကိုင်ပေါက်ပြီး အရေးယူခံရတဲ့အခါ လိုသလိုဆွဲပြီး တရားစွဲဆိုမှုတွေ ရှိတယ်။ ဒါကြောင့် ဒီလိုမျိုး ကြုံတဲ့အခါတိုင်း ပန်မြန်မာအနေနဲ့ ထုတ်ပြန်ချက်တွေ လုပ်လေ့ ရှိပါတယ်။”

လတ်တလောမှာ ယူနတီ၊ ဘိုင်မွန်းတည့်နေနဲ့ မြန်မာပို့စ်ဂလိုဘယ် သတင်းဂျာနယ်တွေက သတင်းသမားတွေ ထောင်ကျနေပြီး အဲလဗင်း၊ သံတော်ဆင့်စတဲ့ ဂျာနယ်တိုက်သတင်းသမားတွေ အမှုရင်ဆိုင်နေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013