DVB Logo
Home
မြန်မာသတင်း
ပဲခူးတွင် အမုန်းကင်းစင်အဖွဲ့ ဖွဲ့ရန် လူငယ်များတွေ့ဆုံမည်
DVB
·
May 2, 2015
ပဲခူးတွင် အမုန်းကင်းစင်အဖွဲ့ ဖွဲ့ရန် လူငယ်များတွေ့ဆုံမည်
Donate to DVB

လူငယ်လူရွယ်တွေအကြား၊ ဘာသာတရားတွေအကြား၊ လူမျိုးတွေအကြားမှာ အမုန်းတရားကင်းမဲ့ပြီး နားလည် ရင်းနှီးမှုတွေ ပိုလာစေဖို့ ရည်ရွယ်ပြီးတော့ Hate Free Group Bago ကို စတင်ဖွဲ့စည်းနိုင်ဖို့ ပဲခူး ဘာသာပေါင်းစုံက လူငယ်တွေ မနက်ဖြန် မေ ၃ ရက်မှာ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

“ပန်းစကားလှုပ်ရှားမှုက တကယ်အကျိုးသက်ရောက်တာတွေ့ရတယ်။ ကျနော်တို့ ဘာတွေ ဆက်လုပ်မယ်ဆိုတာကတော့ မနက်ဖြန်ဆွေးနွေးပြီး ညှိနှိုင်းကြမှာပါ” လို့ ဦးဆောင် လှုပ်ရှားသူ တဦးဖြစ်တဲ့ ကိုဇင်မျိုးအောင်က ဒီဗွီဘီကို ပြောပါတယ်။

ဒီလိုဆွေးနွေးနိုင်ဖို့ ဗုဒ္ဓဘာသာဝင် လူငယ်သုံးယောက်နဲ့ အစ္စလာမ် ဘာသာဝင် လူငယ်တစ်ယောက်တို့ ပူးပေါင်းကြိုးစားနေတာပါ။

“ကျနော်တို့ သူငယ်ချင်းတွေကြားမှာ ဘာပြဿနာမှ မရှိဘူး။ ဒါပေမယ့် ဘာသာရေးကို အကြောင်းခံတဲ့ ပြဿနာတွေကို သူတို့ ပတ်ဝန်းကျင်မှာ ကြားနေရတယ်” လို့ ကိုဇင်မျိုးအောင်က ပြောပါတယ်။

“အရင်ကဆိုရင် ရှားပါးသွေးတွေကို အစ္စလာမ်ဘာသာဝင်တွေဆီက ရတယ်။ လှူတယ်။ ဘာမှ ပြဿာမရှိဘူး။ ခု နောက်ပိုင်းမှာတော့ ဒီလိုကိစ္စတွေမှာ သွေးလိုအပ်တဲ့ သူတွေဘက်က မလိုလားတဲ့ အသံတွေ ကြားရတယ်” လို့လည်း ပရဟိတ လုပ်သက် ၈ နှစ်ရှိပြီဖြစ်တဲ့ ကိုဇင်မျိုးအောင်က ပြောပါတယ်။

ဦးဆောင်သူ တစ်ယောက်ဖြစ်တဲ့ ကိုမျိုးကိုကလည်း “ဘာသာတရားတွေကို မလေ့လာကြဘူး။ အဲဒီတော့ ကောလာဟလ တခုခုကြားရင် အလွယ်တကူယုံကြတယ်။ ပျံ့နှံ့လွယ်တယ်။ ဒါကို ဖျောက်နိုင်ဖို့ ကျနော်တို့ ကြိုးစားမယ်။ နောက်ဆိုရင် မဟုတ်မမှန်ပြောတဲ့သူသာ မောသွားမယ်။ သူ့စကားက မပျံ့စေရဘူး” လို့ သူတို့ မျှော်လင့်ချက်ကို ပြောပါတယ်။

တွေ့ဆုံ ဆွေးနွေးတာကို မနက်ဖြန် ညနေ ၄ နာရီမှာ ကျွန်းသာယာရပ်ကွက်၊ စရီရာမဘုရားကျောင်း မီးရထားကုန်းကျော်တံတားဘေးမှာ ပြုလုပ်မှာဖြစ်ပြီး ဘာသာတခုစီက အနည်းဆုံး ၁၀ ဦးလောက် လာဖို့ ခန့်မှန်းထားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013