DVB Logo
Home
မြန်မာသတင်း
တောင်သမန်အင်း ရေဆိုးအင်းကြီး ဖြစ်နေပြီဟုဆို
DVB
·
May 2, 2015
တောင်သမန်အင်း ရေဆိုးအင်းကြီး ဖြစ်နေပြီဟုဆို
Donate to DVB

မန္တလေးတိုင်း၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်းအတွင်း ငါးများအစုလိုက်အပြုံလိုက်သေ ဆုံးရတာဟာ မန္တလေးစက်မှုဇုန်က စွန့်ထုတ်လိုက်တဲ့ ရေဆိုးတွေကြောင့်ဖြစ်တယ်လို့ အစိုးရ သတင်းမှာ ဖော်ပြပါတယ်။

တောင်သမန်ပတ်ဝန်းကျင်မှာ ဖွင့်ထားတဲ့ ဈေးဆိုင်တွေက စွန့်ပစ်တဲ့အမှိုက်တွေနဲ့ အနီးနား ချောင်းမြောင်းတွေကစီးဝင်တဲ့ ရေဆိုးတွေကြောင့် တောင်သမန်အင်းဟာ ရေဆိုးအင်းကြီးတခု ဖြစ်နေပြီလို့ သတင်းကဆိုပါတယ်။

လတ်တလော တောင်သမန်အင်းမှာ ထောင်နဲ့ချီတဲ့ငါးတွေ သေဆုံးနေပြီး ရေပေါ်ပေါ်နေကာ အနံ့ဆိုးတွေ ထွက်ပေါ်နေပါတယ်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ တွဲဘက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက လောလောဆယ် စက်မှုဇုန်က စက်ရုံတွေ ပိတ်ခိုင်းထားလိုက်ပြီလို့ ပြောပါတယ်။

11179866_691177204343866_624955813_o“ရေဆိုးထုတ်တဲ့စက်ရုံတွေအားလုံးကို ပိတ်ခိုင်းထားပါတယ်။ ဧပြီ၊ မေမှာ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ အာရှဖွံ့ဖြိုးရေးဘဏ်နဲ့တွဲလုပ်နေတဲ့အပိုင်းရှိသလို မန္တလေးစည်ပင်အနေနဲ့လည်း ကုစားဖို့ လုပ်နေပါပြီ။ နောက်စည်ပင်နဲ့ကုမ္ပဏီတခုနဲ့ပူးပေါင်းပြီး ရေဆိုးသန့်စင်ပြီးထုတ်ဖို့ လုပ်ငန်းလည်း လက်မှတ်ထိုးမယ့်အဆင့်ရောက်နေပါပြီ၊ စတော့မှာပါ။”

မန္တလေးစက်မှုဇုန်က ရေဆိုးထုတ်တဲ့စက်ရုံတွေကို စစ်ဆေးအရေးယူသွားမယ်လို့လည်း သိရပါတယ်။

တောင်သမန်အင်းမှာ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလကတကြိမ်၊၂၀၁၅ ခုနှစ် ဧပြီလထဲတကြိမ် အခုလို ငါးအုပ်လိုက်သေဆုံးမှု ဖြစ်ပေါ်ခဲ့ဖူးပြီး ဒီတကြိမ်ကတော့ အဆိုးဆုံးဖြစ်ပါတယ်။

မန္တလေးမြို့က စာရေးဆရာဆူးငှက်ကတော့ သုံးပန်လှ တောင်သမန်အင်းထဲ ၁၂ ရာသီ ရေရှိနေတဲ့ပြဿ      နာကြောင့် အခုလို ဖြစ်ရတာလို့ သုံးသပ်ပြောပါတယ်။

11196453_691177174343869_372318790_o“အမှန်က တောင်သမန်က မြစ်ကျိုးအင်းဗျ၊ သူက ကန်လည်း မဟုတ်ဘူး၊ ဆည်လည်း မဟုတ်ဘူး၊ မြစ်ကျိုးအင်းသဘာဝ မိုးတွင်း ၀ါဆိုဝါခေါင်ကျမှ ရေ၀င်တယ်။ ရေကျသွားရင် ရေပြန်ဆုတ်သွားတယ်။ ဒီလို ရှိလို့လည်း သုံးပန်လှ တောင်သမန်လို့ ပြောတာကိုးဗျ။ နွေကျတော့ ချောင်းလေးလောက်ပဲကျန်ပြီး ကိုင်းတွေဘာတွေ စိုက်ကြ၊ မိုးတွင်းကျတခါ ဒီနေရာက ရေပြင်ကျယ်ကြီးဖြစ်သွားပြန်တယ်၊ ဆောင်းတွင်းကျ နှင်းတွေဝေနေတဲ့အောက်က မီးခိုးတလူလူနဲ့ ယာခင်းလေးတွေနဲ့ တောင်သမန်အင်းကိုဗျ။ တနှစ်မှာ ၃-၄ လ လောက်ပဲ ရေရှိတာ အရင်က. နောက်ပိုင်းကျ ဧရာဝတီမြစ်ထဲရေကို ၁၂ လလုံးလုံး သွင်းပစ်လိုက်ကြတယ်။ သွင်းတာကလည်း ငါးလေလံကိစ္စအတွက် ကိုယ်ကျိုးစီးပွားအတွက် ၁၂ လလုံးရေသွင်းပစ်၊ ရေသေကြီးဖြစ်ပြီး အခု ပြဿ      နာတွေ ဖြစ်လာတာပါပဲ။”

11180507_691177377677182_1222238061_o၁၂ လရာသီစလုံး အလှတမျိုးစီရှိတဲ့ တောင်သမန်အင်းကို ကုစားဖို့ ပညာရှင်တွေစုဖွဲ့ပြီး ဆွေးနွေးတိုင်ပင်ညှိနှိုင်းလုပ်ဆောင်ကြဖို့ စာရေးဆရာဆူးငှက်က တိုက်တွန်းပြောကြား ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013