DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
ဖားကန့်တွင် တိုက်ပွဲဖြစ်ပြီး အရပ်သား ၆ ဦး လက်နက်ကြီးထိမှန် 
DVB
·
April 2, 2026
Photo: TLM
Photo: TLM
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဧပြီ ၂ ရက် ဒီမနက်ပိုင်းကစလို့ တိုက်ပွဲဖြစ်နေပြီး မြို့မရပ်ကွက်ရှိ ဆောင်းလက်ဖက်ရည်ဆိုင်ရှေ့ကို လက်နက်ကြီးကျတာကြောင့် အရပ်သား ၆ ယောက် ထိမှန် ဒဏ်ရာရထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖားကန့်မြို့ မှော်ဝမ်းကြီး၊ လုံးခင်း၊ မှော်စီဆာတွေဘက်မှာ မနက် ၅ နာရီလောက်ကစပြီး တိုက်ပွဲဖြစ်ကာ မြို့တွင်းကိုလည်း ဗုံးကျတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်မြို့ ဒေသခံတယောက်က “အခုထိတော့ ပစ်လိုက် နားလိုက်ပဲ။ နေရာစုံသလောက်ပဲ။ မှော်ဝမ်းကြီး၊ လုံးခင်း၊ မှော်စီဆာဘက်မှာ မနက် ၅ နာရီလောက်ကတည်းက စဖြစ်နေကြတာပဲ။ ဖားကန့်မြို့ထဲ ဒရုန်းဗုံး ၂ နေရာကျတယ်။ တရုတ်ဘုံကျောင်းနဲ့ ကလပ်ကုန်းနားကျတာ။ ဆောင်းကဖေးနားက အရပ်သားတွေလည်း ထိတယ်” လို့ DVB ကို ပြောပါတယ်။

ဆောင်းကဖေးအနီးက အကြော်ရောင်းနေတဲ့ အမျိုးသမီးတယောက်နဲ့ လမ်းသွားလမ်းလာ အမျိုးသားတယောက်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဖားကန့်ဆေးရုံကြီးကို ပို့ထားရပြီး ကျန်သူတွေကိုတော့ အသေးစိတ် မသိရသေးပါဘူး။

ဒေသခံတယောက်ကလည်း “မနေ့ညကတည်းက တိုက်ပွဲဖြစ်နေတာ၊ ဒီနေ့မှာ ပိုပြီး ပြင်းထန်လာတာလို့ ပြောလို့ရတယ်။ ဖားကန့်ဗျူဟာကုန်းကနေလည်း လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်နေတာ။ ဒဏ်ရာရသူတွေထဲက ၂ ဦးက ဆေးရုံရောက်ပြီ။ တဦးကတော့ သိပ်မစိုးရိမ်ရဘူး။ ကျန်တဲ့လူတွေကိုတော့ အသေးစိတ် မသိရသေးဘူး” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ဆိပ်မူကျေးရွာနဲ့ ဖားကန့်မြို့သွားတဲ့ ဖားကန့်-ဆန်းကြွယ်-ဖားပြင်-ဆိပ်မူ သွားလမ်းကို တော်လှန်ရေးအင်အားစုတွေဘက်က ပိတ်ထားလိုက်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013