DVB Logo
Home
မြန်မာသတင်း
မြန်မာ သင်္ဘောသားများပါသည့် ကုန်တင်သင်္ဘော အီရန်ဖမ်းဆီး
DVB
·
May 1, 2015
မြန်မာ သင်္ဘောသားများပါသည့် ကုန်တင်သင်္ဘော အီရန်ဖမ်းဆီး
1 / 2
Donate to DVB

အီရန်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဒိန်းမတ် စင်းလုံးငှားကုန်တင်သင်္ဘောမှာ လိုက်ပါလာတဲ့ သင်္ဘောသားတွေထဲမှာ  မြန်မာနိုင်ငံသားတွေလည်း ပါဝင်တယ်လို့ အေအက်ဖ်ပီသတင်းမှာ ဖော်ပြပါတယ်။

ဒိန်းမတ် သင်္ဘောကုမ္ပဏီအုပ်စု  A.P. Moeller-Maersk  က ငှားရမ်းပြေးဆွဲနေတဲ့    Maersk Tigris  ကုန်တင်သင်္ဘောကို  အီရန်အစိုးရအစောင့်တပ်ဖွဲ့က ဧပြီ ၂၈ ရက်နေ့က ပါရှန်းပင်လယ်ကွေ့နဲ့ အိုမန်ပင်လယ်ကွေ့အကြား ဟော်မုဇ်ရေလက်ကြားမှာ  ဖမ်းဆီးထိန်းသိမ်းထားခဲ့တာပါ။

သင်္ဘောပေါ်မှာ မြန်မာ၊ ဘူလ်ဂေးရီးယား၊ ရိုမေးနီးယားနဲ့ ဗြိတိန် နိုင်ငံသားတွေအပါအ၀င် သင်္ဘောသား ၂၄ ဦး လိုက်ပါလာတယ်လို့   အီရန်အစိုးရ ရုပ်သံသတင်းမှာ ထုတ်လွှင့်သွားပါတယ်။ သင်္ဘောပေါ်မှာ  မြန်မာသင်္ဘောသားအရေအတွက် ဘယ်လောက်ပါတယ်ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

ဒိန်းမတ်အခြေစိုက် အီရန်သံရုံးကတော့ သံတမန်တွေအနေနဲ့ လိုအပ်လို့ တောင်းခံလာ မယ်ဆိုရင် သင်္ဘောသားတွေဆီသွားတွေ့ခွင့်ရတယ်လို့  ပြောပါတယ်။

[caption id="attachment_91269" align="aligncenter" width="684"]ဓာတ်ပုံ - marinetraffic.com ဓာတ်ပုံ - marinetraffic.com[/caption]

ဒါဟာ ပုဂ္ဂလိက ကုမ္ပဏီနှစ်ခုအကြား ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှုပြဿ    နာဖြစ်ပြီး  နောက်ကွယ်မှာ  နိုင်ငံရေးနဲ့ လုံခြုံရေး ရည်ရွယ်ချက်တွေနဲ့ လုံးဝမသက်ဆိုင်ဘူးလို့ လည်း သံရုံး ကြေညာချက်မှာ ပြောပါတယ်။

သင်္ဘောကို  ထိန်းသိမ်းထားရတဲ့အကြောင်းရင်းဟာ ၂၀၀၅ ဇန်န၀ါရီက အီရန်ကုမ္ပဏီတခုက ယူအေအီးနိုင်ငံ ဒူဘိုင်းကိုပို့မယ့် ကွန်တိန်နာ ကုန်သေတ္တာ ၁၀ လုံး ဆုံးရှုံးခဲ့ရမှုနဲ့ ဆက်စပ်နေတယ်လို့ အီရန် ဆိပ်ကမ်းနဲ့ ရေကြောင်းအာဏာပိုင်အဖွဲ့က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သင်္ဘောကုမ္ပဏီအနေနဲ့ အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ သန်း လျော်ကြေးပေးရမယ်လို့ အီရန် တရားရုံးက အမိန့်ချထားတယ်လို့လည်း ဆိုပါတယ်။

သင်္ဘောကုမ္ပဏီဘက်ကတော့ ကုန်သေတ္တာတွေကို လက်ခံယူမယ့်သူ ဘယ်သူမှ မရှိခဲ့ကြောင်းနဲ့ ယူအေအီးနိုင်ငံရဲ့ ဥပဒေအရ ရက် ၉၀ ကြာတဲ့အထိ ပစ္စည်းလာယူသူမရှိရင် အာဏာပိုင်တွေက  ရှင်းထုတ်ပစ်လိုက်တယ်လို့ ပြောပါတယ်။

Maersk သင်္ဘောလိုင်းကုမ္ပဏီကတော့ ဖမ်းထားတဲ့သင်္ဘောနဲ့ သင်္ဘောသားတွေကို လွှတ်ပေးဖို့ အီရန်အစိုးရကို တောင်းဆိုထားပြီး ဒီသင်္ဘောဟာ ငှားရမ်းထားတာဖြစ်ပြီး   Maersk လိုင်းပိုင် သင်္ဘော မဟုတ်သလို သင်္ဘောသားတွေဟာလည်း Maersk သင်္ဘော လိုင်းက မဟုတ်ဘူးလို့ ပြောပါတယ်။

အီရန်အစိုးရကတော့ သင်္ဘောကုမ္ပဏီက ပေးစရာရှိတာတွေ ရှင်းပြီးသွားရင် သင်္ဘောကို ပြန်လွှတ်ပေးမှာဖြစ်ပြီး ခရီးလမ်းဆုံးကို ဆက်လက်ထွက်ခွာခွင့်ပေးမယ်လို့ ပြောပါတယ်။

ကိုးကား ။ အေအက်ဖ်ပီ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013