DVB Logo
Home
မြန်မာသတင်း
ထိုင်းလုပ်သားများနှင့် အခွင့်အရေးတန်းတူရရေး ရွှေ့ပြောင်းအလုပ်သမားများ တောင်းဆို
DVB
·
May 1, 2015
ထိုင်းလုပ်သားများနှင့် အခွင့်အရေးတန်းတူရရေး ရွှေ့ပြောင်းအလုပ်သမားများ တောင်းဆို
1 / 9
Donate to DVB

ရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းအလုပ်သမားတွေနဲ့ တန်းတူအခွင့်အရေးပေးဖို့ ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအဖွဲ့အစည်းတွေက  ဒီကနေ့ ကမ္ဘာ့ အလုပ်သမားနေ့မှာ  တောင်းဆိုလိုက်ပါတယ်။

အလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ WSA၊  ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက်အဖွဲ့ MWRN၊ ရွှေ့ပြောင်းလုပ်သားများ ဖက်ဒရေးရှင်း MWF၊  စက်ရုံ အလုပ်ရုံနဲ့ အထည်ချုပ်စက်ရုံလုပ်ငန်းသမဂ္ဂ၊ ကျောက်မျက်နဲ့ လက်ဝတ်တန်ဆာလုပ်ငန်းမှ အလုပ်သမား အဖွဲ့ ၅ ဖွဲ့က ချင်းမိုင်ခရိုင်အုပ်ချုပ်ရေးရုံးမှာ သွားရောက် တောင်းဆိုခဲ့တာပါ။

တောင်းဆိုချက် ၁၀ ချက်မှာ ရွှေ့ပြောင်းအလုပ်သမားများ အလုပ်သမား သမဂ္ဂဖွဲ့စည်းခွင့်ရရေး၊ ထိုင်းအလုပ်သမားများနဲ့ တန်းတူ အခွင့်အရေးရရှိရေး၊ ဥပဒေက သတ်မှတ်ထားတဲ့အတိုင်း အနိမ့်ဆုံးလစာ အပြည့်ရရှိရေး၊ အလုပ်ရှင်တွေအနေနဲ့ မိမိအလုပ်သမားတွေရဲ့ နားရက်၊ ခွင့်ရက်၊ လစာ စတဲ့ အခွင့်အရေးတွေကို ဥပဒေအတိုင်း လိုက်နာကျင့်သုံးရေး၊ ပြည်တန်ဆာတွေကို အလုပ်သမားအဖြစ် သတ်မှတ်ပေးရေး စတာတွေ ပါဝင်ပါတယ်။

ဒါ့အပြင် နေရပ်ပြန်ပို့စရိတ် ရန်ပုံငွေကောက်ခံတာကို ပယ်ဖျက်ပေးရေး၊  အလုပ်သမားမှတ်ပုံတင်ကတ်၊ နိုင်ငံကူးလက်မှတ်တွေ လုပ်ဆောင်ရာမှာ ဌာနဆိုင်ရာက သတ်မှတ်ထားတဲ့ ကုန်ကျငွေထက် ၃ ဆလောက်ပိုပေးရပြီး အလုပ်သမားတွေအပေါ် အကျိုးအမြတ်ရယူနေတဲ့ ပွဲစားနဲ့ ဆောင်ရွက်ရတဲ့စနစ်ကို ပယ်ဖျက်ပေးရေးတွေကိုလည်း တောင်းဆိုပါတယ်။

ဒီတောင်းဆိုချက်တွေကို အလုပ်သမား ၀န်ကြီးဌာနနဲ့ ချင်းမိုင်ခရိုင် အုပ်ချုပ်ရေးမှူးဆီ ပေးအပ်ခဲ့ပြီး ဒုတိယခရိုင်ဝန် နိုင်းဆုဖချိုင်း အင်မ်ဆုဝမ်းက လာရောက်လက်ခံကာ အထက်ကို ဆက်လက်တင်ပြပေးမယ့်အကြောင်း ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက် မဟာချိုင်၊ မဲဆောက် ၊ ချင်းမိုင်မြို့ကလာတဲ့ အလုပ်သမားအဖွဲ့ အစည်းက ကိုယ်စားလှယ် ၁၀၀ ကျော်ဟာ ချင်းမိုင်မြို့မှာ ဧပြီ ၂၉ ကနေ ၃၀ ထိ ၂ ရက်တာ အလုပ်သမားရေးရာကိစ္စတွေ တွေ့ဆုံဆွေးနွေးအပြီး ဒီတောင်းဆိုချက်တွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

အလုပ်သမားတွေဟာ ချင်းမိုင်ခရိုင်အုပ်ချုပ်ရေးရုံးဆီ စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ခွင့် တောင်းခံထားပေမယ့် ခွင့်ပြုချက်မရခဲ့ဘဲ ကိုယ်စားလှယ်အနည်းငယ်နဲ့သာ တောင်းဆို ချက်တွေ ပေးပို့ခဲ့ရတာပါ။

[gallery ids="91220,91221,91222,91223,91225,91226,91227,91228"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013