DVB Logo
Home
Lead Story
ကမ္ဘာ့အလုပ်သမားနေ့တွင် လှိုင်သာယာစက်မှုဇုန် အလုပ်သမား ၅၀၀ ခန့် ဆန္ဒပြ
DVB
·
May 1, 2015
ကမ္ဘာ့အလုပ်သမားနေ့တွင် လှိုင်သာယာစက်မှုဇုန် အလုပ်သမား ၅၀၀ ခန့် ဆန္ဒပြ
1 / 15
Donate to DVB

မေလ ၁ ရက် ကမ္ဘာ့အလုပ်သမားနေ့မှာ လှိုင်သာယာစက်မှုဇုန် အလုပ်သမား ၅၀၀  လောက်က  ရန်ကုန်မြို့ ဗဟန်းမြိုနယ်  ဗိုလ်စိန်မှန်ကွင်းမှာစုရုံးပြီး အနိမ့်ဆုံးလုပ်ခ တနေ့ ကျပ် ၅၀၀၀ ကျော်ထိ တိုးမြှင့်ရရှိရေး အပါအ၀င် အလုပ်သမားရပိုင်ခွင့်တွေ တောင်းဆိုဆန္ဒပြကြပါတယ်။

ဒီကနေ့မနက်ဆန္ဒပြပွဲမှာ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး ဆန္ဒပြ အလုပ်သားတဦးဖြစ်သူ  ဂဲလန့်အိုးရှင်း စက်ရုံ အလုပ်သမား ဒေါ်လှလှက “ အဓိက  အနိမ့်ဆုံးလုပ်ခ  ကျပ် ၅၆၀၀ ရရှိရေး အလုပ်သမားအခွင့်အရေးကာကွယ်စောင့်ရှောက်ရေး ဇမ်းဆီးခံအလုပ်သမားများ လွှတ်ပေးရေး၊ သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိရေး၊ တောင်သူလယ်သမားများရဲ့ အခွင့်အရေးကာကွယ်စောင့်ရှောက်ရေး ကျောင်းသားသပိတ်ထောက်ခံရေးနဲ့  ဖမ်ဆီးခံကျောင်းသားတွေလွှတ်ပေးရေး စတဲ့ အချက် ၁၁ ချက် တောင်းဆိုတယ်။ ”လို့ပြောပါတယ်။

မူလက အလုပ်သား ၁ ထောင်လောက် ဆန္ဒပြခွင့်ရဖို့ မရမ်းကုန်း၊ လှိုင်နဲ့ ကမာရွတ်မြို့နယ် ၃ မြို့နယ်မှာ လျောက်ထားခဲ့တာဖြစ်ပြီး ရဲစခန်းက ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်းမှာ ဆန္ဒပြခွင့် ချပေးခဲ့တာပါ။

ဆန္ဒပြသမားတွေဟာ ဗိုလ်စိန်မှန်ကွင်းကနေ တာမွေဟစ်တိုင် အထိ လမ်းလျောက် ဆန္ဒပြကြတာဖြစ်ပြီး ဟောပြောခွင့်တော့ အာဏာပိုင်တွေက ပေးမထားဘူးလို့ ဆန္ဒပြ အလုပ်သမားတွေကပြောပါတယ်။

အလားတူ  လှိုင်သာယာမြို့နယ် အောင်မြေသာယာဘောလုံးကွင်းမှာ လည်း အလုပ်သမားနေ့ အခမ်းအနားကို မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ရဲ့အစီအစဉ်နဲ့  ကျင်းပရာမှာ ပြည်ထောင်စု ဝန်ကြီးဦးအောင်မင်းတက်ရောက်ပြီး သမ္မတရဲ့ သဝဏ်လွှာကို ဖတ်ကြားခဲ့ပါတယ်။

အလုပ်သမားအခွင့်ရေးလှုပ်ရှားသူများအဖွဲ့ ဒါရိုက်တာ ဦးသူရိန်အောင်ကတော့ အခုနှစ်မေဒေးနေ့မှာ  အလုပ်သမား အခွင့်အရေးအတွက် အလုပ်သမားတွေကိုယ်တိုင် တက်တက်ကြွကြွပိုပြီးတောင်းဆိုလာတာတွေ့ရတယ်လို့ ပြောပါတယ်။

‘အစိုးရ အပြောင်းအလဲဖြစ်ပြီးတဲ့ နောက်ပိုင်း မေဒေးနေ့လုပ်ခဲ့ကြတာဒီနှစ်နဲ့ဆို ၄ နှစ်ရှိပြီ စစ်အစိုးရနောက်ပိုင်း ၄ နှစ်မြောက်မှာ လုပ်တဲ့ဟာ ပိုထူးခြားတယ်၊ အခုက နေရာအနှံ့မှာ အလုပ်သမားတွေ ကိုယ်တိုင်လုပ်လာကြတာတွေ့ရတယ်။ ဒီနှစ်မှာတောင်းဆိုမှုတွေက ပိုပြီးတော့ ယေဘုယျ မကျတော့ပဲ အသေးစိတ်လာကြတယ်။  အလုပ်သမားတွေကိုယ်တိုင် အရည်အသွေးတွေ တိုးတက်လာကြပြီးတော့ တောင်းဆိုလာကြတဲ့ အကြောင်းအရာတွေဟာ အသေးစိတ်လာကြတယ်”လို့ ပြောပါတယ်။

အလားတူ မန္တလေးမြို့ မှာလည်း အလုပ်သမားသမဂ္ဂတွေက ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနား ကျင်းပပြီး မြန်မာပြည်က အလုပ်သမားတွေ   အခွင့်အရေးတွေ အပြည့် အ၀ရရှိရေး တောင်းဆိုခဲ့ကြပါတယ်။

[gallery ids="91174,91175,91176,91177,91178,91179,91182,91183,91185,91186,91187"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013