DVB Logo
Home
မြန်မာသတင်း
မိုးဗြဲတွင် စစ်တပ်ကစစ်ကြောင်းထိုးသဖြင့် ထိတွေ့တိုက်ပွဲဖြစ်နေ
DVB
·
April 25, 2026
Photo : DVB
Photo : DVB
Donate to DVB

ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီနယ်စပ်က မိုးဗြဲမြို့နယ်တဝိုက်မှာ စစ်တပ်က စစ်ကြောင်းထိုး လာတဲ့ အတွက် တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာတွေရှိနေတယ်လို့ မြေပြင် သတင်းရင်းမြစ်က ဧပြီ ၂၄ ရက်မှာ ပြောပါတယ်။

စစ်ကြောင်းထိုးလာတာကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားတာ ၃၊ ၄ ရက် ရှိနေပြီး စစ်တပ်က လက်နက်ကြီး၊ ဒရုန်းနဲ့ ပစ်ခတ်တာတွေရှိတယ်လို့ သိရပါတယ်။

KNDF ပြန်ကြားရေးတာဝန်ရှိသူက “မိုးဗြဲနဲ့အနီးတဝိုက်ကို စစ်ကောင်စီတပ်က တပ်တွေ ဖြန့်ထားတာ တွေ့ရတယ်။ နန်းမယ်ခုံဘက်ကိုလည်း လှုပ်ရှားတာတွေ့ရတယ်။ ထိတွေ့တိုက်ပွဲ ဖြစ်တာတွေရှိတယ်” လို့ ပြောပါတယ်။

စစ်တပ်ဟာ မိုးဗြဲကနေတဆင့် နန်းမယ်ခုံနဲ့ ဒီးမော့ဆိုဘက်ကို လမ်းကြောင်းထိန်းချုပ်နိုင်ဖို့နဲ့ ထိုးဖောက်နိုင်ဖို့ စစ်ရေးလှုပ်ရှားနေတာဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့ တိုက်ပွဲ ဖြစ်နေတာလို့ သိရပါတယ်။

မြေပြင်သတင်းရင်းမြစ်က “ဒီ တရက် နှစ်ရက်ကတော့ ထိတွေ့မှုတွေ ပိုများနေတာပေါ့။ တရက်ထဲ မှာကို နှစ်ခါ၊ သုံးခါ ထိတွေ့မှုရှိတာပေါ့။ ပြည်သူတွေ ထိခိုက်သေဆုံးမှုရှိတယ်” လို့ ပြောပါတယ်။

စစ်တပ် စစ်ကြောင်းထိုးနေချိန် စစ်ဘေးရှောင်ပြည်သူတွေရှိရာကိုလည်း လက်နက်ကြီး၊ ဒရုန်းနဲ့ ပစ်ခတ်တာတွေရှိနေတာကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးမှုရှိနေတယ်လို့ သိရပေမဲ့ အရေအတွက်ကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013