DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံလုံးဆိုင်ရာ ချင်းကျောင်းသားသမဂ္ဂ ဖွဲ့စည်း
DVB
·
April 30, 2015
မြန်မာနိုင်ငံလုံးဆိုင်ရာ ချင်းကျောင်းသားသမဂ္ဂ ဖွဲ့စည်း
Donate to DVB

မြန်မာနိုင်ငံတိုင်းနဲ့ ပြည်နယ်အသီးသီးက တက္ကသိုလ်ကောလိပ်တွေမှာ တက်ရောက်နေကြတဲ့ ချင်းလူငယ်တွေ ချင်းပြည်နယ် ထန်တလန်မြို့မှာ လာရောက်တွေ့ဆုံဆွေးနွေးပြီး တနိုင်ငံလုံး ဆိုင်ရာ ချင်းကျောင်းသားသမဂ္ဂကို ဖွဲ့စည်းလိုက်ပါတယ်။

ပခုက္ကူ၊၊ စစ်တွေ၊ မုံရွာ၊ ရန်ကုန်၊ မန္တလေး၊ မကွေး၊ ကလေးအစရှိတဲ့ တက္ကသိုလ်တွေက  ချင်းကျောင်းသားကိုယ်စားလှယ် ၅၀ ကျော်ဟာ ဧပြီ ၂၇ နဲ့ ၂၈ ရက်နေ့တွေမှာ ညီလာခံကျင်းပပြီး  ချင်းကျောင်းသားသမဂ္ဂကို ဖွဲ့စည်းခဲ့တယ်လို့ သမဂ္ဂဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံရသူ  ဆလိုင်းဟာလ်တူးထန်ကပြောပါတယ်။

“ချင်းကျောင်းသား အချင်းချင်းကြား ပိုပြီးချစ်ခင်စည်းလုံးစွာနဲ့ ပညာရေး၊ လူမှုရေးအဆင့် အတန်း မြင့်အောင်ဆောင်ရွက်ဖို့၊  အမျိုးသားရေးကိစ္စတွေ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ဖွဲ့စည်းတာ။”

ယခင်ရှိပြီးသား ချင်းကျောင်းသားသမဂ္ဂကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ပိုမိုကျယ်ပြန့် အောင် တက္ကသိုလ်စုံစုံလင်လင်နဲ့ ပြန်ဖွဲ့စည်းလိုက်တာလည်းဖြစ်ပါတယ်။

ချင်းကျောင်းသားသမဂ္ဂဟာ ဘယ်ပုဂ္ဂိုလ် ၊ ဘယ်အဖွဲ့အစည်းရဲ့ လွှမ်းမိုးချုပ်ကိုင်မှုမှမရှိတဲ့ လွတ် လပ်တဲ့ ကျောင်းသားအဖွဲ့အစည်းဖြစ်ပြီး ချင်းကျောင်းသားသမဂ္ဂအဖွဲ့ဝင် ပိုမိုတိုးပွားလာရေး စည်းရုံးဆောင်ရွက်ဖို့နဲ့  ကျောင်းသားညီလာခံ ကျင်းပဖို့တွေ အစီအစဉ်ရှိတယ်လို့လည်း ချင်းကျောင်းသားခေါင်းဆောင်က ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013