
အီရန်ရဲ့ အမြင့်ဆုံးခေါင်းဆောင် မိုဂျ်တာဘာခါမေနီက မွတ်စလင်နိုင်ငံတွေ၊ အထူးသဖြင့် ပင်လယ်ကွေ့ဒေသ နိုင်ငံတွေအနေနဲ့ တကယ့်ရန်သူလို့ခေါ်တဲ့အရာကို ဆန့်ကျင်ရာမှာ စည်းလုံး ညီညွတ်ဖို့ တိုက်တွန်းခဲ့ပြီး မွတ်စလင်တွေအကြား ကွဲပြားမှုတွေက ရန်သူတွေရဲ့ အကျိုးစီးပွားကို ဆောင်ရွက်ပေးခဲ့တယ်လို့ ပြောလိုက်ပါတယ်။
တမန်တော်မိုဟာမက်ရဲ့ မွေးနေ့ကို အစ္စလာမ်ညီညွတ်ရေးသီတင်းပတ်အဖြစ် ဒီသတင်းစကားကို ခါမေနီရဲ့ တယ်လီဂရမ်အကောင့်မှာ ထုတ်ဝေခဲ့တာပါ။
သြဂုတ် ၃၀ ရက်မှာ အီရန်နိုင်ငံ၊ မက်ရှ်ဟတ်မြို့မှာ ကျင်းပတဲ့ အစ္စလာမ်ညီညွတ်ရေးဆိုင်ရာ အကြိမ် ၄၀ မြောက် နိုင်ငံတကာညီလာခံမှာ တက်ရောက်လာသူတွေကို ခါမေနီရဲ့ ရုံးက နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ ဒုတိယအကြီးအကဲ အယာတိုလာကိုမီက ဒီသတင်းစကားကို ဖတ်ကြား ခဲ့ပါတယ်။
မွတ်စလင်တွေ စည်းလုံးညီညွတ်ရေး၊ နယ်ပယ်အသီးသီးမှာ ပူးပေါင်းဆောင်ရွက်မှုနဲ့ အပြန်အလှန် ကာကွယ်ရေးတို့ကို တောင်းဆိုခဲ့ပြီး မွတ်စလင်တွေကြား ကွဲပြားမှုတွေကို "သိလျက်ဖြစ်စေ၊ မသိလျက်ဖြစ်စေ" ဖန်တီးသူတိုင်းဟာ အစ္စလာမ်ရဲ့ ရန်သူတွေကို ကူညီနေတာလို့လည်း သူက ပြောပါတယ်။
မွတ်စလင်တွေ စည်းလုံးညီညွတ်ရင် ပါလက်စတိုင်းလူမျိုးတွေ ဒီလောက် အကူအညီမဲ့ ကျန်ရစ်ခဲ့ မလားလို့လည်း သူက မေးခွန်းထုတ်လိုက်ပါတယ်။
ခါမေနီဟာ လွန်ခဲ့တဲ့ ၆လက အီရန်စစ်ပွဲ စတင်အပြီး သူ့အဖေနဲ့ အရင် အထွတ်အထိပ်ခေါင်းဆောင် အယာတိုလာ အလီခါမေနီ သေဆုံးခဲ့တဲ့ အမေရိကန်-အစ္စရေး လေကြောင်းတိုက်ခိုက်မှုတွေမှာ ဒဏ်ရာရခဲ့ပြီးတဲ့နောက်ပိုင်း အများပြည်သူရှေ့မှာ မတွေ့ရတော့ပါဘူး။
လူမှုရေး စည်းလုံးညီညွတ်မှုကို ထိခိုက်စေတဲ့ လုပ်ဆောင်ချက်တွေကို တားမြစ်ခဲ့ပြီး အမျိုးသားနဲ့ အများပြည်သူစိတ်ဓာတ်ကို အားနည်းစေတဲ့၊ "စိတ်ဓာတ်ကျစေတဲ့ ဖော်ပြချက်တွေ" ကို ရှောင်ကြဉ် ဖို့ အာဏာပိုင်တွေကို တိုက်ပါတယ်။
၁၉၇၉ ခုနှစ် အစ္စလာမ်မစ် တော်လှန်ရေးနောက်ပိုင်း ပင်လယ်ကွေ့အာရပ်ဘုရင်တွေဟာ ဘုရင် ဆန့်ကျင်ရေး ဟောပြောချက်တွေနဲ့ ဒေသ တွင်းလွှမ်းမိုးမှုအပါအဝင် အီရန်ရဲ့ တော်လှန်ရေး အယူဝါဒက သူတို့ရဲ့ နိုင်ငံရေးစနစ်တွေအတွက် ခြိမ်းခြောက်မှု တရပ်အဖြစ် ရှုမြင်ခဲ့ကြပါတယ်။
လက်ရှိပဋိပက္ခအတွင်း အီရန်အစိုးရဟာ ပင်လယ်ကွေ့နိုင်ငံတွေက အမေရိကန် စစ်ဘက် အဆောက်အအုံတွေအပြင် တခြားအခြေခံအဆောက်အအုံတွေကို တိုက်ခိုက်ခဲ့ပြီး အီရန်အစိုးရနဲ့ သူ့ရဲ့ ပင်လယ်ကွေ့အိမ်နီးချင်းတွေအကြား တင်းမာမှုတွေကို မီးမောင်းထိုးပြခဲ့ပါတယ်။
Source: Reuters











