DVB Logo
Home
မြန်မာသတင်း
သနပ္ပင်မြို့နယ်တွင် ကျေးရွာ ၂၀ ခန့် သောက်သုံးရေ ခက်ခဲနေ
DVB
·
April 30, 2015
သနပ္ပင်မြို့နယ်တွင် ကျေးရွာ ၂၀ ခန့် သောက်သုံးရေ ခက်ခဲနေ
1 / 10
Donate to DVB

ပဲခူးတိုင်း၊ သနပ္ပင်မြို့နယ်မှာ ကျေးရွာပေါင်း ၂၀ လောက် သောက်သုံးရေ ခက်ခဲနေပြီး လှူဒါန်းတာတွေ လုပ်နေရပါတယ်။

“အခုချိန်အထိကတော့ ရေရှားတဲ့ ၁၈ ရွာ စာရင်းရထားပါတယ်။ ဒါထက်တော့ များနိုင်ပါတယ်” လို့ သနပ္ပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး သောက်သုံးရေရရှိရေးကော်မတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးမြင့်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ သောက်သုံးရေရှားတဲ့ ရွာတွေကို ရေသွားရောက်လှူဒါန်းနေပြီး တချို့ရွာတွေကိုတော့ ကန်ဖော်ပေးတာ၊ ရေတွင်းတူးပေးတာတွေ လုပ်နေပါတယ်။

လောင်မီးကျေးရွာမှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အ၀ီစိတွင်းနဲ့ ရေကန်ပြုလုပ်ပေးခဲ့ပြီး နောက်ထပ် သုံးရွာလောက်မှာ ဆက်တူးပေးဖို့ စီစဉ်ထားတယ်လို့လည်း ဦးမြင့်ဦးက ပြောပါတယ်။

ရွာတွေမှာ သောက်ရေက အဓိက ခက်ခဲနေပြီး သုံးရေကိုတော့ ရွာမှာရှိတဲ့ ခန်းနေတဲ့ ကန်တွေကပဲ သုံးစွဲနေကြတာပါ။

“သူတို့သောက်နေကြတဲ့ ရေတွေကိုကြည့်လိုက်တော့ ကျနော်တို့ အိမ်မှာဆိုရင် သုံးရေအဖြစ်တောင် သုံးမှာ မဟုတ်ဘူး” လို့ ဦးမြင့်ဦးက ပြောပါတယ်။

ရေနဲ့ ရေတွင်းရေ လှူဒါန်းနိုင်ဖို့ မနေ့က ပန်းရဲ့လမ်းအဖွဲ့က ပဲခူးနဲ့ သနပ္ပင်မှာ တေးဂီတနဲ့ ဖျော်ဖြေ ရန်ပုံငွေ ရှာဖွေပေးခဲ့ပါသေးတယ်။

ဓာတ်ပုံ-ဂျမား၊ မြင့်ဦး

[gallery ids="91068,91069,91070,91071,91072,91073,91074,91075,91076,91077"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013