
ဒီမိုကရေစီပညာရေးပင်မသပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွဲပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေကို ဒီနေ့ ဧပြီ ၃၀ ရက် မနက်ပိုင်းက သာယာဝတီ တရားရုံးမှာ ပထမဆုံးအကြိမ် ပြောင်းရွှေ့ ရုံးထုတ်လာပါတယ်။
ဗကသ ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်က "လက်ရှိ အုပ်ချုပ်ထားတဲ့ အစိုးရက ကျမတို့တိုင်းပြည်ရဲ့ တိုင်းပြည်ပြောင်းလဲဖို့အတွက် ကြိုးစားနေတဲ့၊ ပညာရေးကစလို့ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေတဲ့ တက်ကြွလှုပ်ရှားတဲ့ ကျောင်းသူကျောင်းသားတွေ၊ တက်ကြွလှုပ်ရှားတဲ့ ပြည်သူတွေကောကို နှိပ်ကွပ်အရေးယူနေတာကို ကြည့်ခြင်းအားခြင်း ကျမတို့တိုင်းပြည်ကို အာဏာရှင်လက်ထဲမှာပဲ သက်ဆိုးရှည်ဖို့ ကျင့်ကြံနေတယ်လို့ပဲ ယူဆစရာရှိပါတယ်" လို့ သာယာဝတီတရားရုံးရှေ့အရောက် အချုပ်ကားပေါ်က မဆင်းခင် ပြောကြားသွားပါတယ်။










