DVB Logo
Home
မြန်မာသတင်း
မေလလယ် မုတ်သုံဝင်မည်ဟု မိုးလေ၀သဌာနကြေညာ
DVB
·
April 30, 2015
မေလလယ် မုတ်သုံဝင်မည်ဟု မိုးလေ၀သဌာနကြေညာ
Donate to DVB

မေလလလယ်လောက်မှ မုတ်သုံလေ၀င်ရောက်နိုင်မှာဖြစ်လို့ တောင်သူတွေ အနေနဲ့ သတိပြုထွန်ယက်စိုက်ပျိုးကြဖို့ မိုးလေ၀သဌာနက ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

“မုတ်သုံအ၀င်က နောက်ကျပါတယ်။ မြန်မာတောင်သူတွေက မြန်မာနှစ်ကိုယူပြီးတော့ တန်ခူးလပြီးရင် ထွန်ယက်စိုက်ပျိုးကြတယ်ဆိုတာမျိုးရှိတယ်။ မေလဆို စိုက်ပျိုးကြဖို့လုပ်တော့ အဲ့ဒီအချိန်မှာ မိုးကပြတ်သွားတော့ ပျိုးပင်တွေ သေကုန်တတ်ပါတယ်၊စိုက်ပျိုးသူ တောင်သူတွေအနေနဲ့ မိုးလေ၀သသတင်းကို ပုံမှန်နားထောင်ကြည့်ရှုကြတဲ့အပြင် ပြောင်းလဲနေတဲ့ ရာသီဥတုအခြေအနေတွေကိုလည်း သိနားလည်ပြီး လုပ်ဆောင်ကြဖို့ ပြောလိုပါတယ်။”

အခု လတ်တလော မိုးတိမ်တောင်နဲ့ လေအေးစီးကြောင်းကြောင့် မြန်မာပြည်အနှံ့ ရွာသွန်းနေတဲ့ မိုးနဲ့ မုတ်သုန်မိုးတို့ကြား ၄-၅ရက်လောက်ပဲ ပြတ်သွားဖို့ရှိပြီး အနောက်တောင်မုတ်သုံလေဟာ မေလလယ်လောက် မြန်မာပြည်ထဲ ၀င်ရောက်ဖို့ရှိတယ်လို့ မိုးလေ၀သဌာနက ခန့်မှန်းထားပါတယ်။

ဒီနှစ်မိုးတွင်းမှာ အများအားဖြင့် ပုံမှန်အတိုင်း မိုးရွာသွန်းဖို့ရှိပြီး မေလအတွင်း ဘင်္ဂလားပယ်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း ၂ ကြိမ်ဖြစ်ပေါ်နိုင်တဲ့အကြောင်း  တကြိမ်မှာ မုန်တိုင်းငယ်တခု ဖြစ်လာနိုင်တယ်လို့လည်း ဦးကျော်မိုးဦးက ပြောပါတယ်။

မိုးဇလဌာနက ဒီနေ့ထုတ်ပြန်လိုက်တဲ့ မိုးဦးကာလ မိုးလေ၀သခန့်မှန်းချက်အရ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေး၊မကွေးတိုင်း၊ရှမ်း၊ချင်း၊ ကယားနဲ့ ကရင်ပြည်နယ်တွေမှာ ရွာသွန်းမြဲ အောက်လျော့ကာ ကျန်ဒေသတွေမှာ ရွာသွန်းမြဲရွာနိုင်တယ်လို့ သိရပါတယ်။

မုတ်သုံလေဟာ မေ ၁၅ ရက်က ၂၀ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကို စတင်ဝင်ရောက်မယ်၊ မေ (၂၁-၂၆) ရက်အတွင်း မြစ်ဝကျွန်းပေါ်၊ ၊မေ(၂၇-၃၁)ရက်အတွင်း အလယ်ပိုင်းဒေသတွေ၊ ဇွန် (၁-၇) ရက်အတွင်း နိုင်ငံမြောက်ပိုင်းဒေသတွေကို ဆက်လက်ဝင်ရောက်နိုင်တယ်လို့ မိုးလေ၀သဌာနက ခန့်မှန်းပါတယ်။

မုတ်သုံလေ စတင်ဝင်ရောက်ချိန်မှာ ထစ်ချုန်းမိုးနဲ့ မိုးသက်လေပြင်းများ ကျရောက်နိုင်တယ်လို့လည်း  သတိပေး ထုတ်ပြန်ထားပါတယ်။

မနှစ်က မုတ်သုံလေဟာ မြန်မာပြည်ထဲ မေလ ၁၆ ရက်မှာ စတင်ဝင်ရောက်ခဲ့ပြီး ဒီနှစ်လဲ အလားတူကာလမှာ မုတ်သုံဝင်ရောက်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013