DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ်တိုင်းနှင့်ပြည်နယ်ခေါင်းဆောင်များ ဆွေးနွေး
DVB
·
April 29, 2015
ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ်တိုင်းနှင့်ပြည်နယ်ခေါင်းဆောင်များ ဆွေးနွေး
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ဗဟိုအလုပ် အမှုဆောင်အဖွဲ့တွေဟာ တိုင်းဒေသကြီးနဲ့ပြည်နယ်က အလုပ်အမှုဆောင်တွေနဲ့ တွေ့ဆုံပြီး ရွေးကောက်ပွဲ အောင်နိုင်ရေး ဆွေးနွေးမှု တွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

ဆွေးနွေးပွဲကို ရန်ကုန်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဌာနချုပ်မှာ ဧပြီလ ၂ရ ရက်နေ့က စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်နယ်နဲ့ တိုင်းအသီးသီးက အလုပ်အမှုဆောင်အဖွဲ့တွေနဲ့ တဖွဲ့ချင်းစီ သီးခြားတွေ့ဆုံဆွေးနွေး နေတာဖြစ်ပါတယ်။

အဓိကအားဖြင့် တိုင်းနဲ့ပြည်နယ်တွေရဲ့အခြေအနေတွေ တင်ပြတာ၊ ရွေးကောက်ပွဲအောင် နိုင်ရေးအခြေအနေတွေကို တင်ပြဆွေးနွေးကြတယ်လို့ ရန်ကုန်တိုင်း အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဌေး ပြောပါတယ်။

“အဓိက ကျနော်တို့တွေ့ဆုံမှုအပိုင်းမှာတော့ အောင်နိုင်ရေးကိစ္စပါပဲခင်ဗျာ။ ကျနော်တို့အခု တိုင်းနဲ့ပြည်နယ်၊ မြို့နယ်-ရပ်ကျေးအထိ ဖွဲ့ထားတဲ့ အခြေအနေကို ဆွေးနွေးဖြစ်တယ်။ ပြီးတော့ ကိုယ့်တိုင်းနဲ့ ပြည်နယ်ထဲမှာရှိနေတဲ့ မြို့နယ်တွေရဲ့ စည်းရုံးရေးအခြေအနေတွေကို ကျနော်တို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို တင်ပြတာပေါ့။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကတော့ မဲစိစစ်ရေးကိစ္စတို့၊ မဲရုံစောင့်ကိစ္စတို့၊ မဲရုံကိုယ်စားလှယ်ကိစ္စတို့ အရေးကြီးတဲ့အကြောင်းတွေကို ကျနော်တို့ကို ပြန်ဆွေးနွေးတာပေါ့လေ။ လိုအပ်တဲ့ကိစ္စတွေကို ပြန်ပြီးတော့ အကြံဉာဏ်ပေး တာပါပဲ။”

လက်ရှိမှာတော့ ရန်ကုန်၊ ပဲခူး၊ မကွေးနဲ့ ဧရာဝတီတိုင်းအပြင် မွန်နဲ့ ရခိုင် ပြည်နယ်က အလုပ်အမှုဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီးဖြစ်ပါတယ်။

လာမယ့် မေလ ၄ ရက်နေ့ တွေ့ဆုံမယ့် ကရင်ပြည်နယ်အလုပ်အမှုဆောင် ဥက္ကဋ္ဌ ဒေါ်နန်းခင်ထွေးမြင့်ကတော့ “အန်တီတို့ တိုင်းနဲ့ပြည်နယ်မှာဖွဲ့ထားတဲ့ အလုပ် အမှုဆောင်တွေဟာ ကိုယ့်မြို့နယ်မှာရှိတဲ့ တယောက်ကို ကိုယ်စားပြု ပြီးတော့ စုပြီးတော့ ဖွဲ့ထားတာ။ အန်တီတို့ ကရင်ပြည်နယ်တခုမှာဆိုရင် ၇ မြို့နယ်ဆိုရင် ၇ မြို့နယ်က လူတွေ အကုန်ပါတယ်။”

ပြည်နယ်နဲ့တိုင်းတခုချင်းစီက ဗဟိုအလုပ်အမှုဆောင်တွေ ခေါ်ယူတွေ့ဆုံတာဟာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တိုင်းနဲ့ပြည်နယ်က အခက်အခဲတွေ အနေအထားတွေကို သိချင်လို့ ခေါ်ယူတာဖြစ်တယ်လို့လည်း ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013