DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်းလူသတ်မှု တရားလိုပြသက်သေများ စစ်ဆေးမည်
DVB
·
April 29, 2015
လိပ်ကျွန်းလူသတ်မှု တရားလိုပြသက်သေများ စစ်ဆေးမည်
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင်က လိပ်ကျွန်း ခေါ် ကော့တောင်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး ကော့စမွီတရားရုံးက တရားလိုပြသက်သေတွေ စစ်ဆေးဖို့ရှိနေပါတယ်။

ကော့စမွီခရိုင်တရားသူကြီး အပြောင်းအလဲရှိတဲ့အတွက် ဧပြီလ ၃၀ ရက် မနက် ၉ နာရီ မှာ တရားလိုနဲ့ တရားခံ နှစ်ဘက်သက်သေများ အခြေအနေကို စစ်ဆေးမယ်လို့ တရားခံ မြန်မာလူငယ် ၂ ဦးဘက်ကနေ ကူညီဆောင်ရွက်ပေးနေတဲ့ လူ့အခွင့်အရေး နဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း အတိုင်ပင်ခံ အန်ဒီဟောလ်က ဒီဗွီဘီကို ပြောပါတယ်။

“တရားသူကြီးအသစ်ရောက်လာလို့ မနက်ဖြန် ကော့စမွီတရားရုံးမှာ ရုံးချိန်းရှိပါတယ်။ ၀င်း နဲ့ ဇော်တို့ဘက်က ထိုင်းရှေ့နေများကောင်စီအဖွဲ့ဝင် ရှေ့နေတွေ သွားကြမယ်၊ အစိုးရရှေ့နေဘက်ကလည်း လာကြမယ်။ အမှုစစ်တာတော့ မဟုတ်ပါဘူး၊ အမှုအတွက် နှစ်ဘက်ရှေ့နေတွေရဲ့ ပြင်ဆင်ချက်၊ သက်သေတွေကို စစ်ဆေးဖို့ပါ။ ၀င်း နဲ့ ဇော်တို့ကိုလည်း ခေါ်ထုတ်မှာပါ။”

ကော်စမွီမှာ ထိုင်းရှေ့နေများကောင်စီ ဥက္ကဋ္ဌရော အဖွဲ့ဝင်တွေပါ စုစုပေါင်း ၇ ဦး ကြိုတင် ရောက်ရှိနေပြီး ချုပ်နှောင်ခံနေရတဲ့ ကိုဇော်လင်း နဲ့ ကိုဝင်းဇော်ထွန်းတို့ကို ဒီကနေ့မနက်က တွေ့ဆုံ အားပေးစကားပြောခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ စက်တင်ဘာလက လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ယောက် အသတ်ခံရ တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဆုရတ်ဌာနီခရိုင်ရဲတပ်ဖွဲ့က မြန်မာအလုပ်သမား လူငယ် ၂ ဦးဖြစ်တဲ့ ကိုဇော်လင်း နဲ့ ကိုဝင်းဇော်ထွန်းတို့ ၂ ဦးကို တရားခံအဖြစ် စွပ်စွဲ တရားစွဲထားခဲ့တာပါ။

လူငယ် ၂ ဦးကတော့ ဒီအမှုမှာ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း၊ ထိုင်းရဲများရဲ့ ခြိမ်းခြောက်မှုကြောင့် ၀န်ခံခဲ့ရတာဖြစ်ကြောင်း ထွက်ဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013