DVB Logo
Home
Lead Story
နီပေါငလျင်ဘေးအတွက် ကူညီကြရန် မြန်မာကြက်ခြေနီအသင်း ဖိတ်ခေါ်
DVB
·
April 29, 2015
နီပေါငလျင်ဘေးအတွက် ကူညီကြရန် မြန်မာကြက်ခြေနီအသင်း ဖိတ်ခေါ်
1 / 8
Donate to DVB

နီပေါငလျင်ဘေးဒဏ်ခံရသူတွေအတွက် အလှူငွေထည့်ဝင်လှူဒါန်းကြဖို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဖိတ်ခေါ်လိုက်ပါတယ်။
လတ်တလောမှာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဝန်ထမ်းများက စုပေါင်းလှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၂၀၀၀ နဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းက လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၅၀၀၀ တို့ကို လှူဒါန်းထားပြီးဖြစ်တယ်လို့ အသင်းရဲ့အွန်လိုင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။

မြန်မာပြည်သူတွေအနေနဲ့ နီပေါငလျင်ဘေးအတွက် မြန်မာငွေ ဒါမှမဟုတ် အမေရိကန်ဒေါ်လာတို့နဲ့ ထည့်ဝင်လှူဒါန်းကြဖို့ ကြက်ခြေနီအသင်းကဖိတ်ခေါ်လိုက်ပြီး ကိုယ်တိုင်ကိုယ်ကျလာရောက်လှူဒါန်းနိုင်တဲ့ လိပ်စာနဲ့ ဘဏ်စာရင်းနံပါတ်တွေကိုလည်း ဖော်ပြထားပါတယ်။

နီပေါငလျင်အတွက် လှုဒါန်းလိုသူတွေဟာ အမှတ် ၄၂၊ ကမ်းနားလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့မှာ သွားရောက်လှူဒါန်းနိုင်ကြပြီး ငွေစာရင်းအမှတ်၊ ၀၂၇၀ ၁၂၁ ၀၀၀၀ ၈၄၆၃ (အမေရိကန်ဒေါ်လာ)၊ငွေစာရင်းအမှတ်၊ ၀၂၇၀ ၁၀၁ ၀၀၀၀ ၂၇၇၁ (မြန်မာကျပ်ငွေ) ယူနိုက်တက်အမရဘဏ်၊ သိမ်ဖြူဘဏ်ခွဲကိုလည်း ငွေလွှဲပြောင်းလှူဒါန်းနိုင်ကြပါတယ်။

အသေးစိတ်အချက်အလက်သိလိုရင်  ဦးကိုကိုကျော်၊ ညွှန်ကြားရေးမှူး၊ အရင်းအမြစ် စုစည်းအသုံးချရေးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဖုန်း၊ ၀၉ ၉၇၇ ၁၁ ၅၅၅၅၊ ၀၉ ၈၆၁ ၀၂၆၂ မြန်မာနိုင်ငံကြက်ခြေနီအသင်း (ရန်ကုန်ရုံးခွဲ)။ အမှတ် ၄၂၊ ကမ်းနားလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း၊ ၀၁ ၃၉၂၀၂၈၊ ၃၉၂၀၂၉၊ ၃၉၂၀၃၀ တို့ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်းလည်း သတင်းမှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ - ရိုက်တာနှင့်အေအက်ဖ်ပီ

[gallery ids="90935,90936,90937,90938,90939,90940,90942,90943"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013