DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြားသား ၂ ဦးကို မူဆယ်ရဲစခန်း ဖမ်းဆီးစစ်ဆေးနေ
DVB
·
April 29, 2015
နိုင်ငံခြားသား ၂ ဦးကို မူဆယ်ရဲစခန်း ဖမ်းဆီးစစ်ဆေးနေ
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်မှာ ပလောင်လူငယ် ၁ ဦး၊ အမေရိကန်နဲ့ သြစတြီးယားနိုင်ငံသား၂ ဦး စုစုပေါင်း ၃ ဦးကို ကားပေါ်မှာ ပါလာတဲ့ မူးယစ်ဆေးဝါး၊ ကျည်ဆန်တချို့နဲ့ အတူ ဖမ်းဆီးမိပြီး မူဆယ်မြို့နယ်ရဲစခန်းက ထိန်းသိမ်းစစ်ဆေးနေပါတယ်။

ဧပြီလ ၂၈ ရက် ညနေပိုင်းက နမ့်ဖတ်ကာ - နမ့်ခမ်းသွား ကားလမ်း ၁၂ မိုင်ရွာအနီးမှာ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးစဉ် နမ့်ခမ်းဘက်တက်မယ့် ပါဂျဲရိုး ကားတစီးပေါ်မှာ စိတ်ကြွဆေးပြားနဲ့ ကျည်ဆန်တွ တွေ့ရှိတဲ့အတွက် ကားပေါ်ပါလာတဲ့ လူ ၃ ဦးကို ဖမ်းဆီး စစ်ဆေးနေတာလို့ မူဆယ်မြို့မရဲစခန်း တာဝန်ကျရဲ ၀န်ထမ်းတဦးက ဒီဗွီဘီကို ပြောပါတယ်။

"သြစတြေးလျနိုင်ငံသား အမျိုးသားတဦး၊ အမေရိကန် နိုင်ငံသား အမျိုးသားတဦးနဲ့ ပလောင်လက်နက်ကိုင်အဖွဲ့ကလို့ ယူဆရတဲ့ ပလောင်လူငယ်တဦးတို့ကို ကျနော်တို့ မြို့မရဲ စခန်းကနေ ပုဒ်မ ၁၉ ၊ ၁၉ /က ၊ ၂၂ မူးယစ်မှု၊ လက်နက်မှုတွေနဲ့ အမှုဖွင့်ထားပါတယ်။ ဖမ်းမိ တာက စိတ်ကြွဆေးပြား အလုံး ၄၀ နဲ့ ကျည်ဆန်တွေပါ။ သူတို့ကို မြို့နယ်ရုံးမှာ အဖွဲ့ပေါင်းစုံက စစ်ဆေးနေပါတယ်။”

ပလောင်လူငယ်မှာ မိုင်းညီလေး အသက် ( ၂၆ ) နှစ်ဖြစ်ပြီး ကျန်တဲ့ နိုင်ငံခြာသား ၂ ဦးရဲ့ ကိုယ်ရေးရာဇ၀င်နဲ့ ဥပဒေငြိစွန်းမှု၊ အချက်အလက် အသေးစိတ်ကိုတော့ စစ်ဆေးနေဆဲပဲလို့ မူဆယ်ရဲစခန်းက ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ နိုင်ငံခြားသား ၂ ဦးနဲ့ ပတ်သက်ပြီး အမေရိကန်သံရုံးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာတော့ အမေရိကန်နိုင်ငံသား ဖမ်းဆီးခံထားရတယ်ဆိုတဲ့ သတင်းကို အတည်မပြုချက် မပေးနိုင်သေးတဲ့အကြောင်းနဲ့ စုံစမ်းနေဆဲဖြစ်ကြောင်း ပြောပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (တီအန်အယ်လ်အေ) ပြောခွင့်ရသူ တာပန်လကတော့ အဲဒီပလောင်လူငယ်ဟာ သူတို့အဖွဲ့အစည်းနဲ့ ပတ်သက်မှုမရှိကြောင်း၊ ဒါပေမယ့် ရွာသားတွေပြောပြချက်အရ သူတို့အဖမ်းမခံရခင်က အဲဒီဒေသမှာရှိတဲ့ ရွာသားတွေရဲ့ နေထိုင်စားသောက်မှုဘ၀ကို လာရောက်လေ့လာခဲ့သေးတယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013