
အိန္ဒိယနိုင်ငံ၊ ပန်ဂျပ်ပြည်နယ်က လယ်သမားတွေက အမေရိကန် ကုန်သွယ်ရေးသဘောတူညီချက်နဲ့ အမေရိကန်-အစ္စရေး အီရန်စစ်ပွဲကြောင့် ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်လို့ ဖြစ်လာတဲ့ ဓာတ်မြေဩဇာပြတ်လပ်မှုနဲ့ ပတ်သက်ပြီး ဇွန် ၈ ရက်မှာ ဆန္ဒပြခဲ့ပါတယ်။
ဆန္ဒပြသူတွေဟာ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီ အပြင် ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ရုပ်တုတွေကိုပါ မီးရှို့ခဲ့ကြပါတယ်။
လယ်သမားတွေက ဒီဇယ်၊ ဓာတ်ဆီနဲ့ ချက်ပြုတ်ဓာတ်ငွေ့ဈေးနှုန်းတွေ မြင့်တက်လာတာကိုလည်း ဝေဖန်ခဲ့ကြပါတယ်။
ဓာတ်မြေဩဇာအတွက် အရေးကြီးတဲ့ ကုန်ကြမ်းပစ္စည်းနဲ့ သဘာဝဓာတ်ငွေ့ရည် တင်သွင်းမှုရဲ့ ထက်ဝက်လောက်အတွက် အရှေ့အလယ်ပိုင်းကို မှီခိုနေရတဲ့ အိန္ဒိယဟာ ကမ္ဘာလုံးဆိုင်ရာ ဓာတ်မြေ ဩဇာ ဈေးနှုန်းတွေနဲ့ ကုန်စည်ပို့ဆောင်ခ မြင့်တက်လာမှုကြောင့် ထိခိုက်ခဲ့ရတာပါ။
အိန္ဒိယနဲ့ အမေရိကန်တို့ ၂ နိုင်ငံကုန်သွယ်ရေး သဘောတူညီချက်အတွက် ယာယီမူဘောင် တခုကိုလည်း လက်မှတ်ရေးထိုးခဲ့ပြီး ဒါဟာ စိုက်ပျိုးရေးကဏ္ဍကို ထိခိုက်စေနိုင်တယ်လို့ လယ်သမားတွေက ပြောပါတယ်။
Source: Reuters











