DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်တွင်း တိုက်ပွဲများကြောင့် အစိုးရနှင့် ကေအိုင်အို ဆွေးနွေး
DVB
·
April 28, 2015
ကချင်ပြည်နယ်တွင်း တိုက်ပွဲများကြောင့် အစိုးရနှင့် ကေအိုင်အို ဆွေးနွေး
Donate to DVB

ကချင်ပြည်နယ် ဖားကန့်နဲ့ တနိုင်းဘက်မှာ ပြီးခဲ့ သီတင်းပတ်တွင်း ပစ်ခတ်မှုတွေ ပြန်ဖြစ်နေ တာနဲ့ ပတ်သက်လို့ အစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ဟာ မနေ့ ဧပြီလ ၂၇ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲကို မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က ကေအိုင်အို နည်းပညာ အကြံပေး အလုပ် အဖွဲ့ရုံးမှာတွေ့ဆုံဆွေးနွေးကြတာဖြစ်ပါတယ်။
ဒီတွေ့ဆုံဆွေးနွေးပွဲမှာ တိုက်ပွဲတွေဖြစ်ပွားတာနဲ့ ပတ်သက်လို့ သဘောထားအမြင် တချို့ မတူညီမှုတွေရှိနေပြီး တိုက်ပွဲဖြစ်ပွားရာဒေကို ကွင်းဆင်းစစ်ဆေးတာတွေ ပြုလုပ်သွားဖို့ရှိ တယ်လို့ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးဆန်းအောင်က ပြောပါတယ်။

“အခုတလော ကေအိုင်အေရဲ့ တပ်ရင်း ၆ နဲ့ တပ်ရင်း ၁၄ ဘက်က သူတိုရဲ့ စခန်း ရှေ့က ကင်းစခန်း လေးငါးခုလောက်ကို အစိုးရဖက်က ထိုးစစ်ဆင်သိမ်းပိုက်တဲ့ကိစ္စ နဲ့ပတ်သက်ပြီး သူတို့ဆွေးနွေးကြတာ။ တဖက်က ပြောတာကတော့ နည်းနည်းလေး ကွာဟချက်တွေရှိ တာပေါ့။ ဒါကြောင့် မြေပြင် ရင်း ၁၄ ဘက်ဆို မြေပြင်စစ်ဆေးမှုကို ကေအိုင်အိုဘက်ကတော့ သဘောတူပြီ။ အစိုးရဖက်ကတော့ အထက်ကို တင်ပြပြီးမှ အထက်ကသဘောတူရင်တော့ မြေပြင်စစ်ဆေးဖို့ သဘောတူထားတယ်။”

ကချင်ပြည်နယ် ဖားကန့် နဲ့ တနိုင်းဘက်မှာ အခုလ ၁၈၊ ၁၉၊ ၂၀ ရက်နေ့တွေမှာ အစိုးရဖက်က ထိုးစစ်ဆင် တိုက်ခိုက်မှုဖြစ်ပွားခဲ့တာလို့လည်း ဦးဆန်းအောင်က ပြောပါတယ်။

ကချင်ပြည်နယ် ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ကို အစိုးရဘက်က ကိုယ်စားလှယ် ၅ ဦး နဲ့ ကေအိုင်အိုဘက်က ကိုယ်စားလှယ် ၅ ဦးစီ ဖွဲ့စည်းထားပြီး ၂၀၁၄ အောက်တို ဘာလကစ ပုံမှန်တွေ့ဆုံညှိနှိုင်းဖို့ရှိပေမယ့် ၂၀၁၄ နိုဝင်ဘာမှာ ကေအိုင်အေဗိုလ်သင် တန်းကျောင်း အပစ်ခံရပြီးတဲ့နောက် ဆွေးနွေးပွဲတွေ ရပ်ဆိုင်းခဲ့ပါတယ်။

ဒီဧပြီလဆန်းပိုင်း ၆ ရက်နေ့မှာတော့ တကြိမ်ပြန်လည်တွေ့ဆုံခဲ့ပြီး တိုက်ပွဲတွေ ကြောင့် မနေ့က အရေးပေါ် ပြန်လည်တွေ့ဆုံကြတာဖြစ်ပါတယ်။

ကချင်ပြည်နယ် ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ကို ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် အောက်တို ဘာလက ပြည်ထောင်စု ငြိမ်းချမ်ရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နဲ့ KIO တို့ သဘောတူညီချက်နဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013