DVB Logo
Home
ရွေးကောက်ပွဲ
ရွေးကောက်ပွဲ သတင်းတိုများ
DVB
·
April 28, 2015
ရွေးကောက်ပွဲ သတင်းတိုများ
Donate to DVB

နိုင်ငံရေးတည်ငြိမ်မှု ရှိမှသာ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်မည်ဟုဆို
ဒီဗွီဘီ
ရွေးကောက်ပွဲကာလတွေမှာ နိုင်ငံရေးတည်ငြိမ်မှုရှိမှသာ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်မှာဖြစ်တဲ့အတွက် ဒီလိုတည်ငြိမ်မှုရှိအောင် အားလုံးမှာတာဝန်ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြောကြားလိုက်ပါတယ်။




ရွေးကောက်ပွဲဆိုင်ရာသတင်းဖော်ပြမှု ကျင့်ဝတ်စည်းကမ်းများ ထွက်လာရင် မီဒီယာများ လိုက်နာရမည်
ဒီဗွီဘီ
နိုင်ငံရေးပါတီတွေနဲ့ သတင်းမီဒီယာတွေကြားမှာ ရွေးကောက်ပွဲဆိုင်ရာသတင်းဖော်ပြမှုတွေနဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေဖြစ်ပေါ်လာမယ်ဆိုရင်တော့ နှစ်ဘက်ညှိနှိုင်းဖြေရှင်းကြဖို့ လိုအပ်ပြီး မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)က ရေးဆွဲနေတဲ့ သတင်းသမားတွေအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ သတင်းဖော်ပြမှုတွေနဲ့ ပတ်သက်ပြီး လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်း တွေ ထွက်ပေါ်လာမယ်ဆိုရင်တော့ ပုဂ္ဂလိကမီဒီယာရော ပြည်သူပိုင်မီဒီယာရော လိုက်နာရမှာ ဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဒေါက်တာဒေါ်မြင့်ကြည် က ပြောကြားလိုက်ပါတယ်။




လယ်ယာမရှိသည့် ပါတီဝင်များကို ထောက်ပံကြေးပေးမည်ဟုဆိုပြီး ဆောင်ရွက်ပေးမှုမရှိသေးဟု ပါတီဝင်များ ပြော
ဒီဗွီဘီ
မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတက်ရေးပါတီအနေနဲ့ ပါတီစည်းရုံးရေးဆင်းစဉ်ကာလက ပါတီဝင်တွေထဲမှာ လယ်ယာမရှိသူတွေကို မတ်လကစတင်ပြီး တလ ၆ သောင်းထောက်ပံ့ ပေးမယ်ဆိုပြီး ပြောဆိုထားတွေရှိပေမယ့် အခုထိဆောင်ရွက်ပေးခြင်း မရှိသေးဘူးလို့ ပဲခူးတိုင်း သနပ်ပင်မြို့ ကသစ်ခုံကျေးရွာက ပါတီဝင်ရောက်ထားသူတွေက ပြောကြားလိုက်ပါတယ်။

ပဲခူးတိုင်းသနပ်ပင်မြို့ ကသစ်ခုံကျေးရွာမှာ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတက်ရေး ပါတီဝင်ထားသူ အယောက် ၈၀ ရှိပြီး ကျေးရွာမှာဟောပြောပွဲ လာရောက်ပြုလုပ်တဲ့အခါမှာလည်း ခရီးစရိတ်ပေးလိုက်ရတာတွေရှိတယ်လို့ ကသစ်ခုံကျေးရွာပါတီဥက္ကဋ္ဌက ပြောပါတယ်။




လွှတ်တော်တွင် ပီအာရ်စနစ် သုံး၊ မသုံး မဆုံးဖြတ်နိုင်ရင် ၂၀၁၅ ရွေးကောက်ပွဲတွင် ကျင့်သုံးရန် မဖြစ်နိုင်
ဒီဗွီဘီ
အမျိုးသားလွှတ်တော်ရွေးကောက်ပွဲအတွက် ပီအာရ်စနစ် ကျင့်သုံး၊ မသုံးကို ဧပြီလအတွင်းမှာ အပြီးသတ်အဆုံးဖြတ်မပေးရင် လာမယ့်ရွေးကောက်ပွဲမှာ ဒီစနစ်ကို ကျင့်သုံးဖို့အတွက် ကော်မရှင်က ဆောင်ရွက်ပေးနိုင်မှာ မဟုတ်ဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက အမျိုးသားလွှတ်တော် ၁၂ ကြိမ်မြောက် အစည်းအဝေးမှာ အကြောင်းကြားစာ ပေးပို့ထားပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေကတော့ ရွေးကောက်ပွဲကော်မရှင်က ပေးပို့ထားတဲ့ အကြောင်းကြားစာအရ လွှတ်တော်က မဆုံးဖြတ်နိုင်သေးတဲ့အတွက် PR စနစ်ကိုကျင့်သုံးဖို့ မဖြစ်နိုင်တော့ဘူးလို့ DVB ကို သုံးသပ်ပြောကြားပါတယ်။




ထိုင်းတွင် အလုပ်လုပ်ကိုင်နေသူများကို မဲပေးခွင့်ရအောင် စီစဉ်နေဟု တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် ဆို
ဒီဗွီဘီ
တနင်္သာရီတိုင်းဒေသကြီးမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၇ သိန်းလောက်မှာ ၃ သိန်းလောက်ဟာ ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့အတွက် သူတို့အနေနဲ့ ရွေးကောက်ပွဲကာလမှာ မဲလာရောက်မပေးဘူးဆိုရင် မဲပေးသူအရေအတွက်လျော့နည်းသွားမှာဖြစ်ပါတယ်။

ဒါကြောင့် ဒီလိုသွားရောက်အလုပ်လုပ်ကိုင်သူတွေ မဲပေးခွင့်ရအောင် စီစဉ်ဆောင်ရွက်နေတာ တွေ ရှိတယ်လို့ တနင်္သာရီတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသန့်ဇင် က ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013