DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ကော့မှူးဒေသဖွံ့ဖြိုးရေးအတွက် မြို့ခံများနှင့် တွေ့ဆုံ
DVB
·
April 28, 2015
ဒေါ်အောင်ဆန်းစုကြည် ကော့မှူးဒေသဖွံ့ဖြိုးရေးအတွက် မြို့ခံများနှင့် တွေ့ဆုံ
1 / 10
Donate to DVB

ဧပြီ ၂၇ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က မြို့နယ် လူထုနဲ့တွေ့ဆုံခဲ့ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ ပြည်သူတွေလိုအပ်နေတဲ့ လိုအပ်ချက်တွေကို သက်ဆိုင်ရာဝန်ကြီးဌာနကို တင်ပြပေးမယ့် အပြင် လုပ်ပေးနိုင်တာတွေကို အကောင်းဆုံးဖြစ်အောင်လုပ်ပေးမယ်လို့ အဲဒီတွေ့ဆုံပွဲမှာ မြို့ခံလူထုကို ကတိပေးပြောဆိုလိုက်ပါတယ်။

ကော့မှူးပြည်သူလူထုနဲ့တွေ့ဆုံခဲ့တဲ့ အဲဒီမြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က တင်ပြခဲ့တဲ့ ပြည်သူတွေရဲ့တောင်းဆိုမှုတွေထဲမှာ တချို့ကိစ္စတွေက သက်ဆိုင်ရာဝန်ကြီးဌာနက ဖြေရှင်းပေးရမယ့် ကိစ္စတွေဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ကော့မှူးမြို့ခံလူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံပွဲမှာ မြို့ခံလူထုက လမ်းပန်းဆက် သွယ်ရေးခက်ခဲတဲ့အကြောင်းတွေ ဆည်မြောင်းကိစ္စတွေနဲ့ အသိမ်းခံလယ်မြေကိစ္စတွေ၊ ကျေးလက်ဒေသဖွံ့ဖြိုး ရေးအကြောင်းကို တင်ပြခဲ့ ကြပြီး ဒါတွေကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကူညီဆောင်ရွက်ပေးဖို့ တင်ပြခဲ့ ကြပါတယ်။

အဲဒီတွေ့ဆုံပွဲပြီးတဲ့နောက်မှာတော့ ကော့မှူးမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ တွေ့ဆုံခဲ့ပြီး မြို့ခံလူထုတောင်းဆိုတဲ့ အချက်တွေကို တင်ပြပေးခဲ့ပါတယ်။

[gallery ids="90742,90743,90744,90745,90746,90747,90748,90749,90750,90751"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013