ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ဖို့ မဖြစ်နိုင်ဘူးလို့ အီရန်က ပြောခဲ့တာကြောင့် စစ်ပွဲအဆုံးသတ်မဲ့အချိန် သတ်မှတ်ချက်မရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။
အိမ်ဖြူတော်ကလည်း အပစ်အခတ်ရပ်စဲရေးကာလ တိုးချဲ့မဲ့ နောက်ဆုံးရက်ကို ထရမ့်ပ်က မသတ်မှတ်ရသေးဘူးလို့လည်း ပြောပါတယ်။
စစ်ပွဲအဆုံးသတ်ရေး အမေရိကန်ရဲ့ အဆိုပြုချက်နဲ့ ပတ်သက်ပြီး အီရန်ခေါင်းဆောင်တွေရဲ့ တုံ့ပြန်ချက်တွေ တစုတစည်းတည်း ထရမ့်ပ်က မြင်တွေ့လိုကြောင်း အိမ်ဖြူတော်က ပြောပါတယ်။
အီရန်ရဲ့ ညှိနှိုင်းမှုအကြီးအကဲ ဘတ်ဟာဂါလီဘတ်က အစ္စရေးနဲ့ အမေရိကန်တို့ရဲ့ အပစ်အခတ်ရပ်စဲမှုတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုတွေကြောင့် ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။
အီရန်သမ္မတ မာဆွတ်ဒ် ပေဇက်ရှ်ကီယန်က အမေရိကန်ရဲ့ ကတိကဝတ်တွေ ချိုးဖောက်တာနဲ့ ပိတ်ဆို့ထားတာတွေက ဆွေးနွေးပွဲရဲ့ အဓိက အတားအဆီးတွေ ဖြစ်တယ်လို့ ပြောထားပါတယ်။
လက်ရှိ အီရန်နဲ့ အမေရိကန်တို့ရဲ့ အခြေအနေက နှစ်ဖက်စလုံးအတွက် မတိုးသာ မဆုတ်သာ အခြေအနေကို ရောက်နေတယ်လို့ သတင်းသမားတွေက သုံးသပ်ပါတယ်။
အမေရိကန်ဟာ အီရန်ရဲ့ တုံ့ပြန်မှုကို စောင့်ဆိုင်းနေပြီး တိုက်ခိုက်မှုတွေကို အမေရိကန်စစ်တပ်က ရပ်ထားပေးကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကယ်ရိုလိုင်းလဲဗစ်က ပြောပါတယ်။
ဒါပေမဲ့ အမေရိကန်ဟာ အီရန်ကို စီးပွားရေးအရ ထိုးနှက်မှုတွေနဲ့ အီရန်ရဲ့ ရေလမ်းကြောင်း အားလုံးကို ပိတ်ဆို့မှုတွေ ပြုလုပ်ထားပါတယ်။










