DVB Logo
Home
မြန်မာသတင်း
သနပ်ပင်မြို့နယ် ကျေးရွာ ၁၀ ရွာခန့် သောက်သုံးရေအခက်အခဲ ကြုံတွေ့နေရ
DVB
·
April 27, 2015
သနပ်ပင်မြို့နယ် ကျေးရွာ ၁၀ ရွာခန့် သောက်သုံးရေအခက်အခဲ ကြုံတွေ့နေရ
1 / 3
Donate to DVB

ပဲခူးတိုင်း သနပ်ပင်မြို့နယ်က ကျေးရွာ ၁၀ လောက်မှာ ရေတွေခမ်းခြောက်တဲ့အတွက် ပြီးခဲ့တဲ့ နှစ်ပတ် ကစပြီး သောက်သုံးရေ အခက်အခဲဖြစ်နေတယ်လို့ သနပ်ပင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးမျိုးမြင့်အောင်က ပြောပါတယ်။

သနပ်ပင်မြို့နယ်ရှိ ကပင်၊ အောင်ဘုံကြီး၊ ကျွဲဖြူချောင်း၊ ကသစ်ခုံရွာဟောင်း၊ ကသဲကုန်း၊ အပိုင်၊ လောင်မီး၊ အောင်ချမ်းသာ၊ လောင်မီးချောင်းဝ အစရှိတဲ့ ကျေးရွာတွေမှာ သောက်သုံးရေ အခက်အခဲဖြစ် နေတာဖြစ်တယ်လို့ ဦးမျိုးမြင့်အောင်က ပြောပါတယ်။

10653464_375670465967761_8108440872198235813_n“ကျနော်တို့ဆီက ရွာတွေရဲ့ဓလေ့က သောက်ရေကန်ပဲရှိတယ်။ ဒီသောက်ရေကန်က နွေရာသီမှာ ရေလည်းခန်းတယ်ပြီးတော့ သောက်သုံးသူတွေနဲ့ မမျှတတော့ဘူး။ အပူရှိန်ေ ကြာင့် ရေခမ်းတာရယ်၊ သောက်သုံးတဲ့လူထုအတွက် မလုံလောက်တာရယ် သောက်စရာ မရှိတောဘူး။”

ပြီးခဲ့တဲ့ ရက်ပိုင်းက မိုးရွာပေမယ့် သောက်သုံးရေရလောက်တဲ့ မိုးရွာမှုမျိုးမဟုတ်တဲ့အတွက် ရေအခက်အခဲဖြစ်နေရပြီး ရွာသူရွာသားတွေအနေနဲ့ နီးစပ်ရာရွာတွေမှာ ရေသွားခပ်ကြရ တယ်လို့ ဆိုပါတယ်။

“ဒီကပင်၊ အောင်ဘုံကြီး၊ ကျွဲဖြူချောင်း၊ ကသစ်ခုံရွာတွေက သူတို့ ရေပြတ်တဲ့အချိန်မှာ သူတို့ဘေးရွာတွေပေါ့နော်။ သူတို့နဲ့  ၂ မိုင် ၃ မိုင်ဝေးတဲ့ရွာတွေက ရေကန်တွေကို သွားသုံးရ တယ်။ ဒီဖက်က ကသဲကုန်း၊ လောင်မီး၊ လောင်မီးချောင်းဝဆိုရင်လည်းဒါက တအုပ်စုပေါ့။ အဲဒါ သူတိုနဲ့ နီးစပ်တဲ့ကလိုင်ကျေးရွာဆိုတဲ့ကန်ကနေ လာသုံးရတယ်။ ဟိုဖက် အောင်ချမ်းသာ၊ လှသင်းဘောင်ကျတော့ သူက ယူစရာရေကိုမရှိဘူး။ ဘေးရွာနီးလည်း ဘာမှမရှိဘူး။ သူတို့ကျတော့ ပိုပြီးတော့ အခက်အခက်ဖြစ်တယ်” လို့ ဦးမျိုးမြင့်အောင်က ပြောပါတယ်။

လက်ရှိမှာတော့ သူတို့အနေနဲ့ ပရဟိတအလှူရှင်တွေနဲ့ ချိတ်ဆက်ပြီး ပဲခူးမြို့ပေါ်ကနေ အဲဒီရွာတွေအထိ သွားရောက်ရေအကူအညီတွေ ပေးဝေနေပေမယ့် နေ့တိုင်း သွားမလှူနိုင်ဘူးလို့  ဆိုပါတယ်။

ဒါ့အပြင် ဒီ လေးငါးရက်အတွင်း ရေရလောက်အောင်ရတဲ့ မိုး မရွာဘူးဆိုရင် ရေအခက်အခဲကြုံတဲ့ရွာတွေ ဒီထက်မိုများလာနိုင်တယ်လို့လည်း ဆိုပါတယ်။

ပဲခူတိုင်း သနပ္ပင်မြို့နယ်မှာ နွေရာသီမှာ ရေအခက်အခဲရှိသလို မိုးရာသီမှာလည်း ရေလွှမ်းမိုးမှုပြဿ    နာတွေ နှစ်စဉ် ကြုံတွေ့ရတယ်လို့လည်း ဦးမျိုးမြင့်အောင်က ဒီဗွီဘီကို ပြောပါ တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013