DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်မှ ထွန်တုံးတိုက်ပွဲဝင်သူများ ပြစ်ဒဏ်စီရင်ခံရ
DVB
·
April 27, 2015
ကယားပြည်နယ်မှ ထွန်တုံးတိုက်ပွဲဝင်သူများ ပြစ်ဒဏ်စီရင်ခံရ
1 / 7
Donate to DVB

တပ်မတော်က သိမ်းယူတဲ့ ဘိုးဘွားပိုင်မြေပေါ်ထွန်ယက်လို့ တရားစွဲခံရသူတွေကို ကယားပြည်နယ် ဖရူဆိုမြို့နယ်တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်တဲ့အပေါ် ရွာသား ၅၀၀ ခန့် ကန့်ကွက်ဆန္ဒပြကြပါတယ်။

တပ်က ၁၉၉၃ ခုနှစ်က စပြီး ဆိုလျားကူးကျေးရွာက ရွာသားတွေရဲ့ မြေဧက ၁၀၀၀ ကျော်ကို တပ်ပိုင်မြေအဖြစ် သိမ်းပိုက်ယူငင်ခဲ့သလို မြေတချို့ကို ရွာသားတွေကို ပြန်ပြီး သီးစားချခဲ့ ပါတယ်။

လယ်သမားတွေက သိမ်းဆည်းခံမြေပေါ်မှာ မနှစ်က ထွန်တုံးတိုက်ပွဲဆင်နွှဲခဲ့ကြတဲ့ အတွက်  ရွာသား ၂ ရာခန့်စစ်ခံခဲ့ရသလို   ခေါင်းဆောင် ၅ ဦးကိုတော့ ပုဒ်မ ၄၄၈ နယ်မြေကျူးကျော်မှုနဲ့  စစ်တပ်က တရားစွဲခဲ့တာပါ။  တရား စွဲခံရသူ ၅ ဦးအနက် ၃ ဦးကို ပြစ်ဒဏ်စီရင်ပြီး ကျန် ၂ ဦးကို ဒီကနေ့ တရားသေလွှတ်ပါတယ်။

ဒီကနေ့ တရားရုံးရှေ့မှာ ရောက်ရှိစုဝေးခဲ့တဲ့ ရွာပေါင်း ၃၀ ကျော်က ရွာသားတွေဟာ ဆုံးဖြတ်ချက်ကို မကျေနပ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနဲ့ တရားရုံးရှေ့၊ အမှတ် ၅၃၁ ခြေမြန်တပ်ရင်း အစိုးရတပ်ရင်းရှေ့မှာ ဆန္ဒပြခဲ့ကြတာဖြစ် ပါတယ်။

တရားစွဲခံရပြီး တရားသေလွတ်ခဲ့တဲ့ ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ဦးသဲရယ်က “၃ ယောက်က ထောင်ဒဏ် ၁၅ ရက် ဒါမှမဟုတ် ငွေဒဏ် ကျပ် ၅၀၀ စီချတယ်။ ငွေက မများပါဘူး၊ ဒါပေမယ့် ကို.ယ့်မြေပေါ်ကိုပြန်ထွန်ယက်တဲ့ အပေါ် အပြစ်ရှိတယ်လို့ သတ်မှတ်သလို ကျနော်တို့ဘိုး ဘွားပိုင်မြေကို စစ်တပ်က ပိုင်တယ်ဆိုတာ အတည်ပြုလိုက်သလိုဖြစ်တဲ့ အတွက် မကျေနပ်လို့ ဆန္ဒပြ တာဖြစ်တယ်။” လို့ ပြောပါတယ်။

ဒီနေ့ ဆန္ဒပြတဲ့အပေါ် အုပ်ချုပ်ရေးပိုင်းက တစုံတရာ တားဆီးမှုနဲ့ မကြုံရဘူးလို့ ဆိုပါတယ်။

လယ်ယာမြေ ၁၂ ဧက ဆုံးရှုံးနစ်နာခဲ့ပြီး ဒီကနေ့ အပြစ်စီရင်ခံရသူ လယ်သမား ဦးသူရယ်က “ကျနော်တို့ ဘိုးဘွားပိုင်မြေပေါ်မှာ ၁၈ နှစ်လောက် နေတဲ့သူတွေက တကယ့်မူလ နေခဲ့တဲ့လူကို တရားစွဲတယ်ဆိုတော့ သဘာဝမကျဘူးလေ။ ကျနော်တို့ မြေပေါ်မှာ ကျနော်တို့ ပြန်လုပ်စားနိုင်တဲ့အထိ တိုက်ပွဲဝင်သွားမယ်” လို့ ပြောပါတယ်။
“အယူခံဝင်ဖို့တော့ မရှိဘူးလေ။ အယူခံမ၀င်ဘူးဆိုတာ ဒီမြေကို ပစ်ပယ်ထားတာ မဟုတ်ဘူး။”

[gallery ids="90719,90720,90721,90722,90723,90724,90725"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013