DVB Logo
Home
နိုင်ငံတကာ
ကေပေါ့ပ်အဖွဲ့ AESPA က အယ်ဘမ်သစ် LEMONADE ကို ဖြန့်ချိ
DVB
·
May 30, 2026
Photo:Reuters
Photo:Reuters
Donate to DVB

ကေပေါ့ပ်ဂီတအဖွဲ့ဖြစ်တဲ့ AESPA ဟာ LEMONADE လို့ ခေါ်တဲ့ အယ်ဘမ်အသစ်ကို မေ ၂၉ ရက် မှာ ဖြန့်ချိလိုက်ပါတယ်။

ဒါဟာ AESPA အဖွဲ့အတွက် ၂ နှစ်အတွင်း ပထမဆုံး အဖွဲ့လိုက် full-length album အသစ် ထွက်ရှိ ခဲ့တာပဲ ဖြစ်ပါတယ်။

အသစ်ထွက်တဲ့ LEMONADE အယ်ဘမ်မှာ သီချင်း ၁၀ ပုဒ် ပါဝင်ပြီး အယ်လ်ဘမ်နာမည် LEMONADE သီချင်းလည်း ပါဝင်ပါတယ်။

အဲဒီ အယ်လ်ဘမ်ကို ဘက်ကီဂျီ၊ တိုင်ဒေါ်လာဆိုင်းတို့နဲ့ ပူးပေါင်းဖန်တီးခဲ့တာဖြစ်တယ်လို့ အဖွဲ့အေဂျင်စီ ဖြစ်တဲ့ SM အန်တာတိန်းမန့်က ပြောပါတယ်။

AESPA ဟာ မေ ၁၂ ရက်က WDA (Whole Different Animal) ဆိုတဲ့ သီချင်းကို အကြို ထုတ်လွှင့်ခဲ့ပြီး အဲဒီသီချင်းမှာ ရက်ပါ G Dragon ပါဝင်သီဆိုထားတာလည်း တွေ့ရပါတယ်။

AESPA အဖွဲ့ဟာ ၂၀၂၄ ခုနှစ်မှာ Armageddon အယ်လ်ဘမ်ကို ထုတ်လုပ်ခဲ့ပြီး ၂၀၂၅ ခုနှစ် အမျိုးသမီး ဂီတဘေလ်ဘုတ် ထိပ်ဆုံးမှာ ဦးဆောင်ခဲ့ဖူးပါတယ်။

AESPA ဟာ ၂၀၂၂ ခုနှစ်က ကမ္ဘာ့အကြီးဆုံး ဂီတပွဲတော်တခုဖြစ်တဲ့ Coachella Valley Music and Arts Festival မှာ ပါဝင်ဖျော်ဖြေခဲ့ဖူးပါတယ်။

AESPA အဖွဲ့ရဲ့ ဖျော်ဖြေရေးခရီးစဉ်တွေကို ဩဂုတ်လမှာ ဆိုးလ်မြို့ကနေ စတင်မှာဖြစ်ပြီး အာရှ၊ အမေရိကန်၊ လက်တင်အမေရိက၊ ဥရောပတို့မှာရှိတဲ့ နေရာ ၂၄ ခုမှာ ဖျော်ဖြေမှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013