DVB Logo
Home
မြန်မာသတင်း
စစ်တပ်ပိုင် မြ၀တီဘဏ် ပစ်ခတ်တိုက်ခိုက်ခံရ
DVB
·
April 26, 2015
စစ်တပ်ပိုင် မြ၀တီဘဏ် ပစ်ခတ်တိုက်ခိုက်ခံရ
1 / 4
Donate to DVB

ရှမ်းပြည်နယ် မူဆယ်မြို့မှာ ဖွင့်လှစ်ထားတဲ့ မြ၀တီဘဏ်ခွဲကို အမည်မသိ လက်နက်ကိုင် ၂ ဦး က လာရောက် ပစ်ခတ်သွားပြီး မှန်တွေကွဲသွားပေမယ့် ဘဏ်ဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရ တာ မရှိဘူးလို့ ပြည်နယ် ရဲတပ်ဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။

ဧပြီ ၂၅ ရက်မနက် အစောပိုင်းမှာ သေနတ်သမားတွေကလက်နက်ငယ်တွေနဲ့ လာရောက်ပစ်ခတ်သွားတာလို့ ရှမ်းပြည်နယ်ရဲ တပ်ဖွဲ့ ဒု-ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးကပြောပါတယ်။

“စိစစ်ဆဲသောင်းကျန်းသူ ၂ ယောက်ပေါ့ ၊ လက်နက်ငယ်တွေနဲ့ ဘဏ်ရဲ့ တစ်ဖက်ခြမ်းကနေလာပစ်သွားတာ၊ အဓိက ကတော့ သူတို့ ဆပ်ကြေးတောင်းတာမရလို့ပါ၊ လူတစ်ယောက်မှ မထိပါဘူး။ ဘဏ်ပိတ်ထားတဲ့ မနက် ၃ နာရီခွဲလောက် အချိန်ဖြစ်တာပေါ့။ ဘဏ်မန်နေဂျာကတော့ အပေါ်ထပ်မှာနေတယ် ဒါပေမယ့် ထိခိုက်မှု မရှိပါဘူး။ မှန်တွေကွဲသွားတယ် ၊ကျည်ပေါက်တွေဖြစ်သွားတယ်”လို့ ပြောပါတယ်။

ပစ်ခတ်တဲ့အချိနှ်ဘဏ်မှာ အရပ်သားလုံခြုံရေး အစောင့် ၃ ယောက်ရှိနေပြီး သေနတ်သမား တွေက ဆိုင်ကယ်နဲ့ လာပစ် ထွက်ပြေးသွားပုံရတယ်လို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုဟာ ကိုးကန့်တိုက်ပွဲနဲ့ ပတ်သက်မှု မရှိနိုင်ပဲ မူဆယ်က ဘဏ်တွေကို မကြာသေးခင်က ဆပ်ကြေး တောင်းတဲ့ စာနဲ့ ဆက်စပ်နေပြီး ဘဏ်တွေက အကြာင်းမပြန်တဲ့ လာမပေးတဲ့ အတွက် ပစ်ခတ် တာလို့ ယူဆတယ်လို့လည်း ရဲမှူးကြီးအောင်မြတ်မိုးက ပြောပါတယ်။

ဒီနေ့ထုတ် စစ်တပ်ပိုင် မြ၀တီသတင်းစာမှာတော့ လက်နက်ကိုင်သောင်းကျန်းသူတွေအနေနဲ့ မတ် ၁၉နဲ့ ၂၀ ရက်မှာ မူဆယ်မြို့ရှိ ဘဏ်တွေကို ဆက်ကြေး ကောက်ခံဖို့ ခြိမ်းခြောက်စာတွေပေးပို့ခဲ့ပြီးနောက် အဆင်ပြေလို့ အခုလို နှောင့်ယှက် ပစ်ခတ်တာလို့ သတင်း ထုတ်ပြန်ပါတယ်။

ပစ်ခတ်မှုကြောင့် ဘဏ်မြေညီထပ်၊ ပထမထပ်နဲ့ ဒုတိယထပ်ရှိ ဘဏ်ရှေ့ မျက်နှာစာမှန် တွေ လက်နက်ငယ် ကျည် ထိမှန်ပြီး ဘဏ် ကောင်တာ မှန်တွေနဲ့ အဝင် တံခါးမှန် ၂ ချပ်ကွဲခဲ့ပြီး လူထိခိုက်ဒဏ်ရာ ရမှုမရှိဘူး လို့လည်း သတင်းမှာရေးပါတယ်။

လတ်တလော မူဆယ်မှာ ရဲနဲ့ ပြည်သူ့စစ်တွေပူးပေါင်းပြီးလုံခြုံရေးတိုးမြှင့် ချထားပြီး ထွက်ပြေး သွားတဲ့ သေနတ်သမားကို ဖမ်းဆီရမိဖို့ ရှာဖွေနေတယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။

တရုတ်- မြန်မာ ကုန်သွယ်ရေးနယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှာ စစ်တပ်ပိုင် ဘဏ်တွေဖြစ်တဲ့ မြ၀တီနဲ့ အင်းဝ ဘဏ်တွေ အပါအ၀င် ပုဂ္ဂလိကဘဏ်ခွဲပေါင်း ၁ဒါဇင်လောက်ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

(သတင်း ဓာတ်ပုံ မြ၀တီ)

[gallery ids="90533,90534,90535,90536"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013