DVB Logo
Home
Lead Story
ရန်ဖြစ်ရင်တောင် ပြန်ချစ်စေရမယ်
DVB
·
April 25, 2015
ရန်ဖြစ်ရင်တောင် ပြန်ချစ်စေရမယ်
Donate to DVB

မင်္ဂလာဆောင်တယ်ဆိုတာ ( အချို့အချို့သောကိုကို မမ များကလွဲရင်) တစ် သက်မှ တစ်ခါသာ ဆောင်ရတာ။

အချို့သောကိုကို မမတွေကတော့ ငွေကြေးလေးကလည်း ပြည့်စုံ ၊ မောင် နဲ့ မယ်က တစ်မြို့စီတစ်ရွာစီဆိုတော့ သူ့အရပ်မှာလည်း တစ်ခါဆောင် ကိုယ့်ရွာမှာလည်း တစ်ခါဆောင် တစ်သက်မှာ နှစ်ခါသုံးခါ ဆောင်မိတာပါ့။

တစ်သက်မှာ တစ်ခါသာဆောင်ရတဲ့ မင်္ဂလာဆောင်မျိုးမို့ မှတ်တမ်းအဖြစ် ဓာတ် ပုံလေးတွေ ရိုက်ထားကြရ တယ်။ မင်္ဂလာဆောင်ဓာတ်ပုံဆိုတာပြီးလွယ်စီးလွယ် ရိုက်ကြ တာမျိုး မဟုတ်ဘူး၊ မင်္ဂလာဆောင် ဓာတ်ပုံ ဆရာက နောင်အခါ လင်နဲ့မယား လျှာနဲ့သွား အခန့်မသင့်လို့ ရန်ဖြစ် စိတ်ကောက် စိတ်ဆိုး မိရင်တောင်မှ မင်္ဂလာဆောင်တုန်းက ရိုက် ခဲ့တဲ့ ဓာတ်ပုံလေးတွေ ပြန်ကြည့်မိရင် ရန်ဖြစ်ရာက ပြန်ချစ် လာအောင် စွမ်းဆောင်နိုင်ဖို့ ကြိုးစားပမ်းစား ရိုက်ပေးကြရတာပါ။

မင်္ဂလာဆောင်တစ်ဆောင်မှာ သတို့သား နဲ့ သတို့သမီးက စင်မြင့်ပေါ်ကဆိုဖာ ကြီးမှာအခန့်သားထိုင်နေချိန်ဓာတ်ပုံ ဆရာတစ်ယောက်က သတို့သမီးရှေ့မှာ ဒူးထောက် ထိုင်ချလိုက်တယ်။ သတို့သမီးရဲ့ထဘီအောက်နားတွေ ဖရိုဖရဲ မလှမပ ဖြစ်နေတာကို သေသပ်လှပသွားအောင် ပြင်ဆင်ပေးနေတာပါ။ ပြီးမှ သူက မင်္ဂလာ မှတ်တမ်းဓာတ်ပုံ ရိုက်တယ်။ မင်္ဂလာ ဓာတ်ပုံဆရာကောင်းဆိုတာ အဲဒီလိုမျိုး။

သတို့သမီးရဲ့ ထဘီကို ဒူးထောက်ထိုင်ပြီး ကိုင်ရတာ အောက်ကျနောက်ကျနိုင် တယ်လို့ ကိုယ့်အလုပ်ကို မခံစားမိဘူးလား လို့ ကျွန်တော်ကဓာတ်ပုံဆရာကို စပ်စုဖူး တယ်။ “ မဖြစ်ပါဘူး၊ ဓာတ်ပုံတစ်ပုံရိုက်တော့မယ်ဆိုရင် သတို့သား သတို့သမီးကို ခြေ ဆုံးခေါင်းဆုံး အဆင်ပြေအောင်ကြည့်ပြင်ပေးရတာ။ စေတနာ အရင်းခံပြီး ဆင်းရဲချမ်းသာ မခွဲရဘူး။ သည်လို လုပ်ပေးရင် ဆိုင်လည်း နာမည်ရတယ်လေ” လို့ မင်္ဂလာဓာတ်ပုံ ဗီဒီယိုလောကမှာ ထိပ်ဆုံးတန်းက နေရာ ရနေတဲ့ ဘိုဓာတ်ပုံအဖွဲ့က ဓာတ်ပုံဆရာ ကိုစိုး စိုးက ဖြေတယ်။

ဓာတ်ပုံဆရာလောကမှာလည်း အချောင်နှိုက်သူကတော့ရှိတတ်တယ်။ အချို့ ဓာတ်ပုံဆရာက မင်္ဂလာပွဲအတွက် သူ့ကိုမငှားပေမယ့် မျက်နှာတန်းမိတဲ့ မင်္ဂလာဆောင် မှာ လက်ဖွဲ့ချင်တာပါ လို့ပြောပြီး ဇွတ်ဝင်ရိုက်တယ်။(မင်္ဂလာဆောင် ရှင်က လက်ဖွဲ့ဆိုပြီး ဓာတ်ပုံတွေလာ ပေးတဲ့အခါ တစ်ခုခုတော့ တုန့်ပြန်မယ်ဆိုတာ သိပြီးသားပါ။)

ငှါးထားတဲ့ မင်္ဂလာ ဓာတ်ပုံဆရာ က ဓာတ်ပုံကောင်းကောင်းရအောင်သတို့သား သတို့သမီးကို ခြေဆုံးခေါင်းဆုံး သွားပြင်ပေးနေတဲ့အချိန်မှာ စည်းမရှိတဲ့ ဓာတ်ပုံဆရာ က ဓာတ်ပုံဆရာ နေရာယူပြီး ရိုက်ရမယ့်နေရာမှာ အတည်ပေါက်နေရာယူထားပြီး ရိုက် တယ်။ တကယ့်ဓာတ်ပုံဆရာက အားနာတတ်ရင် ဓာတ်ပုံရှုထောင့်ကောင်း သူများကို ပေးလိုက်ရပြီး အားမနာတတ်လို့ ဖယ်ခိုင်းရင်တောင်မှ တစ်ကွက်နှစ်ကွက်ပါလို့ ပြောပြီး စည်းမရှိတဲ့ ဓာတ်ပုံဆရာက သူများပြင်ထားတာကို အတည်ပေါက် ခူးခပ်စားသွားတာ မျိုးလည်း ရှိပါတယ်။

လူတွေရဲ့ သဘာဝက ကင်မရာနဲ့ ချိန်လိုက်တာနဲ့ အတည်ပေါက် တောင့်တောင့် ကြီး ဟန်တလုံးပန်တလုံး လုပ်နေလေ့ ရှိတယ်။ ဒါကြောင့် ပါးနပ်တဲ့ မင်္ဂလာ ဓာတ်ပုံဆ ရာက အလစ်အငိုက်လေးတွေကိုလည်း ချောင်းရိုက်ထားရတယ်။ သတို့သား၊သတို့သမီး နဲ့သူတို့ရဲ့မိဘတွေပင်ကိုယ်သဘာဝအတိုင်းနေထိုင်နေတာကိုတယ်လီမှန်ဘီလူးနဲ့ ဆွဲ ယူပြီး အလစ်ချောင်း ဓာတ်ပုံရိုက်ထားတာပါ။ အလစ်အငိုက် ရိုက်တဲ့ ဓာတ်ပုံလေးတွေ က သူတို့တွေရဲ့ သဘာဝအတိုင်း အပြုံးလေးတွေ၊ အကြင်နာလေးတွေ မိမိရရပါလာ တတ်တယ်။

“သတို့သမီးတွေက ဓာတ်ပုံအရိုက်ခံတဲ့ အတွေ့အကြုံရှိတော့ ပြုံးတတ်တယ်။ ကင်မရာရှေ့မှာ ဓာတ်ပုံအရိုက်ခံတတ် တယ်။ ယောက်ျားလေးတွေက မနေတတ်ဘူး။ သဘာဝအတိုင်း ရယ်မောနေတာ သတို့သမီးနဲ့ ကြည်နူးနေတာမျိုးတွေကို ကျွန်တော် အလစ်ချောင်းရိုက်ထားတာ။ သတို့သား အဖေအမေ အသက်ကြီးတဲ့သူတွေကလည်း ကင်မရာကို ရှိန်းတတ်တယ်။ သူတို့လည်း အလစ်ချောင်းရိုက်ရတယ်” လို့ ဓာတ်ပုံ ကို ဇော်ဇော် ကပြောပြတယ်။

အလစ်ချောင်းရိုက်ထားတဲ့ သဘာဝဓာတ်ပုံလေးတွေက နောင်အခါ မင်္ဂလာ မောင်နှံတွေအတွက် ကြည်နှူးစရာ အမှတ်ရစရာ ဓာတ်ပုံကောင်းလေးတွေဖြစ်တတ်ပါ တယ်။

“အင်မတန် ရန်ဖြစ်တတ်တဲ့ လင်မယား ရှိတယ်။ သူတို့ မင်္ဂလာဆောင်တုန်း ကကြည်ကြည်နှူးနှူး ကလူကျီစယ်နေတဲ့ပုံ ကိုကျွန်တော်အလစ်ရိုက်ထားတာရှိတယ်။ မင်္ဂလာဆောင်ပြီးခါစက အဲဒီပုံကိုသဘောကျလို့ဆိုပြီး ပုံကြီးချဲ့ထားကြတယ်။ သူတို့ လင်မယားရန်ဖြစ်ပြီး စိတ်ကောက်နေကြတဲ့အခါ သူတို့အမေက အဲဒီဓာတ်ပုံ သူတို့ကို ပြပြီး ရန်ဖြစ်ပြီး ရင်လည်း ပြန်ချစ်ကြနော်လို့ ပြောလိုက်ရင် ပြန်ပြီး ရယ်ရယ်ပြုံးပြုံးဖြစ် သွားတယ်လို့ကျွန်တော့်ကိုပြောပြတာရှိတယ်” လို့ ကိုဇော်ဇော် ကဆိုတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013