DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်ဖြိုခွဲမှု ဆန့်ကျင်ကန့်ကွက်သည့် မြင်းခြံမြို့ခံ ၆ဦး တရားစွဲခံရ
DVB
·
April 25, 2015
အကြမ်းဖက်ဖြိုခွဲမှု ဆန့်ကျင်ကန့်ကွက်သည့်  မြင်းခြံမြို့ခံ ၆ဦး တရားစွဲခံရ
1 / 4
Donate to DVB

လက်ပံတန်းကျောင်းသားသပိတ်ကို ရဲတပ်ဖွဲ့က အင်အားသုံး အကြမ်းဖက်ဖြိုခွဲခဲ့တဲ့အတွက် ကန့်ကွက် ဆန္ဒပြရာမှာ ပါဝင်တယ်ဆိုတဲ့ စွဲချက်နဲ့ မြင်းခြံမြို့ခံ ၆ဦးကို ပုဒ်မ ၃ ခုနဲ့  ရုံးထုတ် တရားစွဲဆိုလိုက်ပါတယ်။

မြင်းခြံမြို့ခံတွေ ဖြစ်တဲ့ မြင်းခြံဒီဂရီကောလိပ် ဒုတိယနှစ်ကျောင်းသား ကိုဉာဏ်မြင့်သန်း၊ ကိုသန့်ဇင်၊ ကိုစည်သူမြတ်၊ ဦးစိန်ဝင်း၊ ဦးကျော်သန်းထွန်းနဲ့ မဖြူတို့ ၆ ဦးကို မြင်းခြံထောင်မှာ ဖမ်းဆီး ထိန်းသိမ်း ထားပြီးနောက် ဧပြီလ ၂၄ ရက်က ဒုတိယအကြိမ် ရုံးချိန်းမှာ  အခုလိုတရားစွဲလိုက်တာပါ။

တရားစွဲဆိုထားတဲ့ပုဒ်မတွေကတော့ ပုဒ်မ  ၅၀၅(ခ) နိုင်ငံတော်အကြည်ညိုပျက်စေမှု၊  ပုဒ်မ ၁၄၃  ဥပဒေနဲ့ ဆန့်ကျင်တဲ့လူစုလူဝေးမှာ ပါဝင်မှုနဲ့    ပုဒ်မ ၁၄၅ လူစုခွဲဖို့ အမိန့်ပေးထားထားတာကို လက်မခံတဲ့ အမှုတွေဖြစ်ပါတယ်။

ဒီအမှုကို ဆက်လက်စစ်ဆေးဖို့  နောက်ထပ်ရုံးချိန်းကို မေလ ၄ ရက်မှာ ချိန်းဆိုထားပါတယ်။

အဆိုပါ ဒေသခံ ၆ဦးဟာ မတ်လ ၂၇ ရက်မနက် မြင်းခြံမြို့မှာ ပြုလုပ်ခဲ့တဲ့ လက်ပံတန်း ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူတွေဖြစ်ပြီး ဒီဆန္ဒပြပွဲမှာ ပူးပေါင်း ပါဝင်မှုနဲ့ နောက်ထပ် မြင်းခြံဒေသခံ ၄ဦးကိုလဲ ဖမ်းဝရမ်းထုတ်ထား ပါတယ်။

ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းကို ပြီးခဲ့တဲ့ မတ်လ ၁၀ရက်နေ့က ရဲလုံခြုံရေးတွေက အကြမ်းဖက်ဖြိုခွဲခဲ့မှုနဲ့ ပတ်သက်ပြီး  ရန်ကုန်၊ မန္တလေး၊ မြင်းခြံအပါအ၀င် မြန်မာပြည်အနှံ့  မြို့ကြီးတွေမှာ ကန့်ကွက် ရှုတ်ချတဲ့ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တာပါ။

[gallery ids="90473,90474,90475,90476"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013