DVB Logo
Home
မြန်မာသတင်း
တရားမ၀င် မြန်မာအလုပ်သမား ၉၀ ကျော် ထိုင်းတွင် ဖမ်းဆီး
DVB
·
April 25, 2015
တရားမ၀င် မြန်မာအလုပ်သမား ၉၀ ကျော် ထိုင်းတွင် ဖမ်းဆီး
1 / 3
Donate to DVB

ဧပြီလ ၂၄ ရက်က ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်ပ ရပ်ကွက် အထည်ချုပ်စက်ရုံတခုမှာ အလုပ်လုပ်ကိုင်နေတဲ့ တရားမ၀င် မြန်မာရွှေ့ပြောင်း ၉၃ ယောက်ကို ထိုင်းတာဝန်ရှိသူတွေက ဖမ်းဆီးခဲ့ပါတယ်။

တာ့ခရိုင်အုပ်ချုပ်ရေးမှူး ကိုယ်တိုင်ဦးဆောင်ပြီး စစ်တပ်၊ ရဲ၊ လ၀ကနဲ့အုပ်ချုပ်ရေးဌာန ဆိုင်ရာ အရာရှိတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က မယ်ပရပ်ကွက်က ချာရီဝပ်ထနာ အထည်ချုပ် စက်ရုံတွင်းဝင်ရောက် စစ်ဆေးခဲ့တာပါ။

ဒီအထဲမှာ တွေ့ရှိတဲ့ ကလေးအလုပ်သမားတွေ အပါအ၀င် အလုပ်သမားတွေဟာ အထောက်အထားမရှိတဲ့ အတွက် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဝင်ရောက်စစ်ဆေးဖမ်းဆီးတာကတော့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး လုပ်ငန်းစဉ်နဲ့အတူ လက်ရှိ အစိုးရရဲ့မူဝါဒ အတိုင်း ဆောင်ရွက်တာ ဖြစ်ပြီး လက်မှတ်မရှိတဲ့ အလုပ်သမားတွေ စေခိုင်းခဲ့ရင်၊ စက်ရုံ ဥပဒေချိုးဖောက် မှုတွေ တွေ့ရင်လဲ စက်ရုံပိတ်တဲ့အထိ အရေးယူဆောင်ရွက်သွားမယ်လို့ တာ့ခရိုင် အုပ်ချုပ်ရေးမှူး က ပြောပါတယ်။

၉၃ယောက် ဖမ်းဆီးမိ ရာမှာ ယောက်ျားလေး ၃၅ ယောက် မိန်းကလေး ၅၅ ယောက်ပါဝင်ပြီး အသက် ၁၅နှစ်အောက် ကလေး ၃ယောက်ကို ကလေးသူငယ်ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ကို လွှဲပြောင်းခဲ့ပါတယ်။

[gallery ids="90435,90436,90437"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013