
၂၀၂၆ ခုနှစ် ပူလစ်ဇာဆုတွေကို မေလ ၄ ရက်က ကြေညာရာမှာ ရိုက်တာသတင်းဌာန၊ မင်နီဆိုတာစတားထရီဗျွန်း၊ ဝါရှင်တန်ပို့စ်နဲ့ နယူးယောက်ခ်တိုင်းမ် သတင်းဌာနတို့က အသီးသီး ရရှိခဲ့ပါတယ်။
ရိုက်တာသတင်းဌာနဟာ ပူလစ်ဇာဆု ၂ ခု ရခဲ့တာဖြစ်ပြီး ဆုတဆုက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် နိုင်ငံရေးအရ ပြစ်ဒဏ်ခတ်ရေးလှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ သတင်းတွေအတွက်ရတာ ဖြစ်ပါတယ်။
နောက်တဆုကတော့ လူမှုမီဒီယာ မက်တာက ကလေးသူငယ်တွေ အပါအဝင် သုံးစွဲသူတွေအတွက် အန္တရာယ်ရှိတဲ့ ဉာဏ်ရည်တု သုံးတဲ့ ချက်ဘော့တွေနဲ့ လိမ်လည်လှည့်ဖြားတဲ့ ကြော်ငြာတွေကနေ ကာကွယ်မပေးဘဲ ထားခဲ့တယ်ဆိုတဲ့အပေါ် စုံစမ်းစစ်ဆေးတင်ပြတဲ့ သတင်းတွေအတွက် ဖြစ်ပါတယ်။
ထရမ့်ပ်အစိုးရက ဖယ်ဒရယ်အဆင့် အေဂျင်စီတွေအပေါ် ဘတ်ဂျက်အကြီးအကျယ် ဖြတ်တောက်မှုတွေအကြောင်း သတင်းပို့ခဲ့လို့ အများပြည်သူ ဝန်ဆောင်မှုအတွက် ဂုဏ်သိက္ခာရှိသောဆုကို ဝါရှင်တန်ပို့စ်သတင်းဌာနက ရခဲ့ပါတယ်။
ထရမ့်ပ်၊ သူ့မိသားစုနဲ့ သူ့မဟာမိတ်တွေက ထရမ့်ပ်ရဲ့ သမ္မတရာထူးကနေ ဘယ်လိုအကျိုးအမြတ် ရခဲ့တယ်ဆိုတာကို စုံစမ်းစစ်ဆေးမှုအတွက် စုံစမ်းဖော်ထုတ် သတင်းပို့ခြင်းဆု အပါအဝင် ဆု ၃ ဆုကို နယူးယောက်တိုင်းမ်စ် သတင်းဌာနက ရခဲ့ပါတယ်။
နဒ်ပါကာ၊ လင်ဒါဆို၊ ပီတာအိုက်စလာနဲ့ မိုက်ခ် စပတ်တာတို့ အပါအဝင် ရိုက်တာ သတင်းဌာနက ဝန်ထမ်းတွေ မျှဝေရယူတဲ့ အမျိုးသားသတင်းပို့ဆုဟာ ထရမ့်ပ်က နိုင်ငံရေးရန်သူတွေကို အပြစ်ပေးဖို့ အစိုးရရဲ့ စွမ်းအားကို သုံးရေး ထူးကဲတဲ့ ကြိုးပမ်းမှုတွေကို အသေးစိတ်ဖော်ပြထားတဲ့ ဇာတ်လမ်း အခန်းဆက်တွေ အပေါ် အခြေခံထား ပါတယ်။
နည်းပညာစုံစမ်းစစ်ဆေးမှုသတင်းထောက် ဂျက်ဖ်ဟိုးဝဇ်နဲ့ တရုတ်သတင်းထောက် အန်ဂန်သန်းတို့ ရေးတဲ့ ကောင်းမွန်သောသတင်းပေးပို့မှုလုပ်ငန်းဟာ အရင်က သတင်းမပို့ဖူးတဲ့ အတွင်းပိုင်း စာရွက်စာတမ်းတွေ အပြင် Meta ရဲ့ Facebook နဲ့ Instagram အကောင့်တွေကို စမ်းသပ်တဲ့ ဆန်းသစ် နည်းပညာသုံး စီးပွားရေးပုံစံရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ခဲ့ပါတယ်။
၁၉၁၇ ခုနှစ်မှာ သတင်းစာထုတ်ဝေသူ ဂျိုးဇက်ပူလစ်ဇာက တည်ထောင်ခဲ့တဲ့ ပူလစ်ဇာဆုတွေဟာ အမေရိကန်သတင်းစာပညာမှာ အမြင့်ဆုံးဂုဏ်ထူးဆောင်ဆုတွေအဖြစ် သတ်မှတ်ခံထားရပါတယ်။
အခုနှစ်မှာ ရတဲ့ဆုတွေဟာ ရိုက်တာသတင်းဌာနအတွက် ၁၄ ကြိမ်မြောက်နဲ့ ၁၅ ကြိမ်မြောက်ပါ။ ရိုက်တာဟာ သတင်းပေးပို့မှုအတွက် ၈ ဆုနဲ့ ဓာတ်ပုံအတွက် ၇ ဆု ရခဲ့ဖူးပါတယ်။
Source: Reuters










