DVB Logo
Home
မြန်မာသတင်း
ဗကသကျောင်းသူ မပိုပိုကို ရုံးထုတ်ပြီး အမှုမစစ်ဘဲ ရုံးပြန်ချိန်း
DVB
·
April 24, 2015
ဗကသကျောင်းသူ မပိုပိုကို ရုံးထုတ်ပြီး အမှုမစစ်ဘဲ ရုံးပြန်ချိန်း
Donate to DVB

လှည်းတန်းမှာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့မှုနဲ့ ဖမ်းဆီးခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ကျောင်းသူ မရတနာစုပိုခိုင် ခေါ် မပိုပိုကို ဒီကနေ့ ကမာရွတ်မြို့နယ် တရားရုံးမှာ ရုံးထုတ်ပါတယ်။

ဒါပေမယ့် အမှုစစ်ဆေးခြင်းမရှိဘဲ သူ့နဲ့အမှုတွဲတွေမပါလို့ဆိုပြီး မေလ ၅ ရက်နေ့ကို ရုံးပြန်ချိန်း ဆိုလိုက်တယ်လို့ မပိုပိုရဲ့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

“ဒီနေ့ ရုံးထုတ်ပါတယ်။ ဒါပေမယ့် စွပ်စွဲခံရသူတွေမစုံလင်တဲ့အတွက် မေလ ၅ ရက်နေ့ကို ပြန်ချိန်းလိုက်တယ်။ ကိုကျော်ကိုကို၊ ထက်ခိုင်စိုးရယ်၊ ဂျိမ်းရယ် ၃ ယောက်ကျန်နေတယ်။ နန္ဒစစ်အောင်ကတော့ သာယာဝတီထောင်မှာ မြန်းနေရတဲ့အတွက် မလာနိုင်ဘူး။ အဲတော့ ဒီမှုတွေကတော့ မဆုံးနိုင်တဲ့ သံသယလမ်းခရီးစဉ်ကို လျှောက်လှမ်းရမယ့် အမှုတွေပဲ။”

ဒီကနေ့ မပိုပိုနဲ့ ကိုဝင်းကျော့မှူး တို့ ၂ ယောက်ကို ရုံးထုတ်ခဲ့တာဖြစ်ပြီး အင်းစိန်ထောင်ကို ပြန်လည်ပို့ဆောင်ထိမ်းသိမ်းထားပါတယ်။

သူတို့တွေဟာ ပြီးခဲ့တဲ့မတ်လ ၁၀ ရက်နေ့ လှည်းတန်းကျောင်းသား ဆန္ဒပြမှုမှာ ပါဝင်ခဲ့တာကြောင့် ပြစ်မှုဆိုင်ရာ ပုဒ်မ ၁၄၃ (ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးတခုတွင် ပါဝင်သူ)၊ ပုဒ်မ ၁၄၅ (လူစုခွဲရန် အမိန့်ပေးပြီးကြောင်းသိလျက် ဥပဒေနှင့် ဆန့်ကျင်သော အစုဝေးတွင်ပါဝင်နေခြင်း)၊ ပုဒ်မ ၁၄၇ (ရုန်းရင်းဆန်ခတ်မှု) နဲ့ ပုဒ်မ ၅၀၅(ခ) (အများပြည်သူ၏ အကျိုးပျက်စီးစေမှု) တွေနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013