DVB Logo
Home
မြန်မာသတင်း
ကိုပါကြီး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဆန္ဒထုတ်ဖော်သူကို ထောင်ဒဏ် ၆ လ ချမှတ်
DVB
·
April 23, 2015
ကိုပါကြီး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဆန္ဒထုတ်ဖော်သူကို ထောင်ဒဏ် ၆ လ ချမှတ်
Donate to DVB

အလွတ်သတင်းထောက် ကိုပါကြီး (ခေါ်) ကိုအောင်ကျော်နိုင် အသတ်ခံရမှုနဲ့ပတ်သက်ပြီး မန္တလေးမှာ ဆန္ဒဖော်ထုတ်မှုနဲ့ တရားစွဲဆိုခံရတဲ့ ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားသူများအဖွဲ့ (အမ်ဒီစီအက်ဖ်)က ကိုသိန်းအောင်မြင့်ကို မန္တလေး အောင်မြေသာစံ တရားရုံးကနေ ဒီနေ့ ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။

“ဒီကနေ့ အမိန့်ချပါတယ်။ ငြိမ်းစုစီ ဥပဒေနဲ့ပတ်သက်ပြီးတော့ ချလိုက်တာပါ။ အမြင့်ဆုံး ပစ်ဒဏ် ဖြစ်တဲ့ ၆ လကျပါတယ်ရှင်။ အလုပ်နဲ့ ထောင်ဒဏ် ၆ လပေါ့”လို့ ကိုသိန်းအောင်မြင့်ရဲ့ ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောပါတယ်။

သူ့ကို ဒီလို ထောင်ချခံရမှုနဲ့ပတ်သက်ပြီးတော့လည်း အယူခံဝင်မယ်လို့ ကိုသိန်းအောင်မြင့်က ပြောဆိုကြောင်းလည်း ဒေါ်ရွက်နုအောင်က ပြောပါတယ်။

“အခု ဒီနေ့ အောင်မြေသာစံမှာ ချလိုကတဲ့ အမိန့်နဲ့ပတ်သက်ပြီးတော့ ကိုသိန်းအောင်မြင့် ကတော့ အမိန့်ချမှတ်ပြီးနော်က သူနဲ့ကျ ခဏတဖြုတ် စကားပြောလိုက်တဲ့ အနေအထားမှာ ဒီအမိန့်ကို သူ အယူခံ တက်ပါမယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီအမိန့် အပေါ်မှာ တရားသူကြီး သုံးနှုန်းတဲ့ စကားလုံးတွေသည် နိုင်ငံရေးသမားတယောက်ရဲ့ ဂုဏ်သိက္ခကို ကျဆင်းစေတဲ့ စကားလုံး အသုံးအနှုန်းများပါတဲ့အတွက်ကြောင့်မို့လို့ ဒီဟာအပေါ်မှာတော့ အယူခံတက်မယ်လို့ ပြောပါတယ်။”


ကိုပါကြီးသေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး စုံစမ်းဖော်ထုတ်ပေးဖို့ မန္တလေးရှိ နိုင်ငံရေးအင်အားစုတွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေက ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၇ ရက်နေ့က ခွင့်ပြုချက်တင်ပေမယ့် မရတဲ့အတွက် ခွင့်ပြုချက်မပါဘဲ မန္တလေးမှာ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

ဒီဆန္ဒထုတ်ဖော်မှုမှာ ကိုသိန်းအောင်မြင့် မပါဝင်ခဲ့ပေမယ့် သူ့ကို ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ချလိုက်တာလို့ ကိုသိန်းအောင်မြင့်ရဲ့ လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုအေးသိန်းက ပြောပါတယ်။

“ကျနော်တို့ ပြည်သူ့ဘက်တော်သား ကိုပါကြီး မတရား သတ်ဖြတ်ခံရတဲ့ကိစ္စကို ကျနော်တို့က အမှုမှန်ပေါ်ပေါက်ဖို့အတွက် ဆန္ဒပြဖို့အတွက်ကို ကိုသိန်းအောင်မြင့်ကနေပြီးတော့မှ မန္တလေးမြို့ အောင်မြင်သာစံမြို့နယ် အမှတ် ၅ ရဲစခန်းကို အကြောင်းကြားစာသွားပို့တာပေါ့ဗျာ။ အဲဒီအချိန်မှာ ကိုသိန်းအောင်မြင့်ကို ဆွေးနွေးစရာရှိလို့ပါဆိုပြီး ၆ နာရီအချိန်မှာ ခေါ်သွားတာ။ ၆ နာရီခွဲမှာ ကျနော်တို့က ဆန္ဒပြတာလေ။ အမှန်တော့ ဆန္ဒပြတာက ကျနော်တို့ ပြတာဗျာ။ ကိုသိန်းအောင်မြင့်က ဆန္ဒပြတဲ့အထဲမှာ မပါလိုက်ဘူး။ ဒါပေမယ့် ဒီကိစ္စ ကိုသိန်းအောင်မြင့်ကို ပုဒ်မ ၁၈ နဲ့တရားစွဲခံရတာ။ ဆိုတော့ တရားဥပဒေကလည်း စိုးမိုးမှုမရှိဘူး။ တရားဥပဒေ ကလည်း ပြည်သူတွေကို အကာကွယ်မပေးဘူးဗျာ။ ဒီကနေ့ အောင်မြင့်သာစံတရားရုံးကပဲ ပုဒ်မ ၁၈ နဲ့ အမြင့်ဆုံ ပစ်ဒဏ်ဖြစ်တဲ့ ၆ လကို အမိန့်ချလိုက်တယ်။”

ကိုသိန်းအောင်မြင့်ဟာ ပြီးခဲ့တဲ့ မတ်လ ၂၃ ၇က်နေ့ကလည်း လျှပ်စစ်မီတာခတိုးမြင့်လို့ ဆန္ဒပြခဲ့တဲ့ အတွက်လည်း ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၆ လချမှတ်ခံထားရပြီးဖြစ်ပြီး အိုးဘိုထောင်ကနေ နောက်ထပ်အမှုနဲ့ အခုလို ထောင်ဒဏ် ချမှတ်ခံရတာဖြစ်ပါတယ်။

လျှပ်စစ်မီတာတိုးမြှင့်လို့ ဆန္ဒပြတုန်းကလည်း ကိုသိန်းအောင်မြင့်ရော သူဇနီးသည်ပါ ထောင်ဒဏ်ချမှတ်ခံထားရတဲ့အတွက် လက်ရှိ သားတဦးနဲ့ သမီးတဦး သာ ကျန်နေခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013