DVB Logo
Home
မြန်မာသတင်း
မြန်မာတက္ကသိုလ်ကျောင်းသား ၁ ဦး ဘန်ကောက်တွင် တိုက်ပေါ်က ပြုတ်ကျသေဆုံး
DVB
·
April 23, 2015
မြန်မာတက္ကသိုလ်ကျောင်းသား ၁ ဦး ဘန်ကောက်တွင် တိုက်ပေါ်က ပြုတ်ကျသေဆုံး
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က Assumption တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ မြန်မာနိုင်ငံသား တက္ကသိုလ်ကျောင်းသား ၁ ဦး ၁၂ ထပ်တိုက်ရဲ့ ၈ လွှာကနေ ပြုတ်ကျသေဆုံး သွားတယ်လို့ ထိုင်းရတ် သတင်းစာမှာ ဖော်ပြပါတယ်။

ဧပြီလ ၂၃ ရက် မနက် ၃ နာရီခွဲအချိန်က ဘန်ကောက်ခရိုင် ဘန်ကပိမြို့နယ် ဟူမတ်နယ်မြေ ရမ်ခမ်းဟန် ၂၄ နဲ့ ၃၄ လမ်းကြားမှာ လူတယောက် တိုက်ပေါ်ကနေ ကျလာကြောင်း သတင်းပေးချက်အရ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ သွားရောက်စစ်ဆေးရာမှာ ၁၂ ထပ်တိုက် ကားပါကင်ရှေ့မှာ မှောက်လျှက်သေဆုံးနေတဲ့ လူရွယ်တစ်ဦးအလောင်းကို တွေ့ရှိခဲ့တာလို့ ဟူမတ် ရဲစခန်းတာဝန်ကျ ဒုရဲမှူး က သတင်းထောက်တွေကို ပြောပါတယ်။

အဆိုပါလူရွယ်မှာ အသက် ၂၀ လောက်ရှိပြီး လည်ပင်း၊ လက် နဲ့ ခြေထောက် ကျိုးနေတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးကြောင်း စစ်ဆေးတွေ့ရှိ ခဲ့တယ်လို့ ဆိုပါတယ်။

ဆက်လက်စစ်ဆေးချက်အရ သေဆုံးသူဟာ အသက် ၂၂ နှစ်ရွယ် မြန်မာနိုင်ငံသား ၀င်နီ ကောင်းဆက် ဖြစ်ပြီး ရမ်ခမ်းဟန်နယ်မြေက ပုဂ္ဂလိက တက္ကသိုလ်မှာ ကွန်ပြူတာသိပ္ပံ အဓိက စတုထ္ထနှစ်မှာ ပညာသင်ကြားနေသူဖြစ်တယ်လို့ ဒုရဲမှူးက ပြောပါတယ်။

အခင်းမဖြစ်ခင် ဧပြီလ ၂၂ ရက်နေ့ညက သူနဲ့ အသက် ၂၁ နှစ်ရွယ် မြန်မာ မိန်းကလေးအဖော်တို့ ၂ ဦး ကလပ်တစ်ခုမှာ သွားရောက်လည်ပတ်ပြီး အပြန် တက္ကစီပေါ် မတက်ခင်လမ်းမှာ တခြားအမျိုးသားတစ်ဦးက မိန်းကလေးကို ရည်းစားစကား လိုက်ပြောခဲ့ကြောင်း၊ အဲဒီနောက် သူနဲ့ မိန်းကလေးနဲ့ စကားများရန်ဖြစ်ကြပြီး နှစ်ဦးသား ဓာတ်လှေခါးပေါ်တက်ခဲ့ကြောင်း၊ အခန်းရှေ့ ရောက်တော့ သေဆုံးသူက သူ့အခန်းထဲ အရင် ၀င်ပြီးတဲ့နောက် အင်္ကျီချွတ်ကာ အနောက်ဘက်တံခါးကို ဖွင့် တိုက်ပေါ်ကနေ ခုန်ချသွားခဲ့ တယ်လို့ အဖော်မိန်းကလေးက ထွက်ဆိုကြောင်း ထိုင်းရဲက ပြောပါတယ်။

ထိုင်းရဲတွေကလည်း သူနေထိုင်ရာ ၈ လွှာက အခန်းနဲ့ အနီးနားတ၀ိုက်က စီစီကင်မရာတွေ ဖွင့်လှစ်စစ်ဆေးရာမှာ မသင်္ကာစရာ တစုံတရာ မတွေ့ရကြောင်း၊ သေဆုံးသူဟာ စိတ်မထိန်းနိုင်ဘဲ မိမိဖာသာ သေကြောင်းကြံခုန်ချသွားတာ ဖြစ်နိုင်တယ်လို့ ရဲက ကနဦးသုံးသပ်ပါတယ်။

ဒါပေမယ့် အမှုအခင်း ဖြစ်ရပ်မှန်ကို အနီးပတ်ဝန်းကျင် မျက်မြင်သက်သေတွေ ဆရာဝန်ရဲ့ ဆေးစစ်ချက်တွေ ထွက်ရှိလာမှာဘဲ ထုတ်ဖော်ပြောကြားနိုင်မယ်လို့ ရဲစခန်းတာဝန်ရှိသူတွေ က ထိုင်းမီဒီယာတွေကိုပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013